အစိုးရ ပြစ်တင်ဝေဖန်

A d v e r t i s e m e n t With Us

October 8, 2016

နျူကလီးယားအစီအစဉ်ဆန့်ကျင်သည့် အမေရိကန်သမ္မတကို မြောက်ကိုရီးယားအစိုးရ ပြစ်တင်ဝေဖန်

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကို ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ ဖိအားနဲ့ ဒဏ်ခတ်မှုအတွက် သမ္မတ ဘားရတ်အိုဘားမားကို မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ ပြစ်တင်ဝေဖန် လိုက်တယ်လို့ အစိုးရမီဒီယာက အစီရင်ခံပါတယ်။ မြောက်ကိုရီးယားဟာ စက်တင်ဘာ ၉ရက်နေ့က အကြီးဆုံး နျူကလီးယား စမ်းသပ်မှုကို လုပ်ခဲ့တာပါ။ ပဲ့ထိန်းဒုံးကျည်မှာ နျူကလီးယား ထိပ်ဖူးကို တပ်ဆင်နိုင်စွမ်း ရှိကြောင်းလဲ ပြခဲ့ပါတယ်။ ဒါ့အပြင်လျှော့ချလို့မရဘဲ တိုးလာတဲ့ ခြိမ်းခြောက်မှုကို ပြိုင်ဘက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း ပြသလိုက်တာလို့ မီဒီယာတွေက အစီရင်ခံပါတယ်။ အမေရိကန်က စက်တင်ဘာနှောင်းပိုင်းမှာ တရုတ်လက်ကားလုပ်ငန်း တခုကို ဒဏ်ခတ်ခဲ့တယ်လို့ပြောပါတယ်။ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်ကို ဘဏ္ဍာရေး ထောက်ပံ့မှု တင်းကြပ်တဲ့ ခြေလှမ်းသစ် အနေနဲ့ လုပ်တာပါ။ ဒီလုပ်ငန်းဟာ မြောက်ကိုရီးယားရဲ့ ကိုရီးယားကွမ်ဆန် ဘဏ်ကော်ပိုရေးရှင်း ကိုယ်စား လှုပ်ရှားနေတာလို့လဲ အမေရိကန်က စွပ်စွဲပါတယ်။ မြောက်ကိုရီး ယားဟာ ဘယ်အချိန်မဆို နောက်ထပ် နျူကလီးယား စမ်းသပ်မှုအတွက် အဆင်သင့် ရှိနေတယ်လို့လည်း ယုံကြည်နေကြပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ဟာ မြောက်ကိုရီးယား အလုပ်သမားပါတီ တည်ထောင်တဲ့ နှစ်ပတ်လည်နေ့ ဖြစ်လို့ မြေအောက် နျူကလီးယား စမ်းသပ်မှု နောက်တခု ထပ်လုပ်ကောင်း လုပ်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။
4 years Ago
Up