အစိုးရ အကူအညီ

A d v e r t i s e m e n t With Us

April 6, 2020

အစိုးရ အကူအညီမယူဘဲ ဝန်ထမ်းအားလုံးကို လုပ်ခအပြည့်ပေးချေရန် မန်စီးတီးအသင်း ဆုံးဖြတ်

မန်စီးတီးဟာ အသင်းဝန်ထမ်းတွေရဲ့ လုပ်ခကို အစိုးရ အစီအစဉ် မယူဘဲ အပြည့်အဝပေးချေသွားမယ်လို့ ကြေညာလိုက်ပါတယ်။  ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မူကြောင့် ၃ လလောက် အလုပ်တွေ ရပ်နားထားရပြီး ဘောလုံးပွဲတွေလည်း ရပ်နားထားရတာပါ။  အဆိုပါအချိန်အတောအတွင်းမှာ အလုပ်သမားတွေ လုပ်ခရဲ့ ၈၀ ရာခိုင်နှုန်းကို အစိုးရက ပေးချေမယ့် အစီအစဉ် ရှိပါတယ်။ ဒီအစီအစဉ်ဟာ အခြေအနေမကောင်းတဲ့ လုပ်ငန်းအသေးတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။  ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူး၊ စပါး၊ နယူးကာဆယ် စတဲ့အသင်းတွေကတော့ ဝန်ထမ်းတွေရဲ့ လုပ်ခကို အစိုးရရဲ့ အစီအစဉ်နဲ့ ၈၀ ရာခိုင်နှုန်း ပေးချေပြီး လက်ကျန် ၂၀ ရာခိုင်နှုန်းကိုပဲ ပေးချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် စီးပွားရေးအင်အားကြီး ဘောလုံးအသင်းတွေဟာ အစိုးရအစီအစဉ်ကို အသုံးချတဲ့အပေါ်  ဝေဖန်နေကြတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနားရတဲ့ကာလအတွက် ဝန်ထမ်းတွေရဲ့ လုပ်ခအားလုံးကို သူတို့ကိုယ်ပိုင်ငွေနဲ့ ပေးချေဖို့ ဆုံးဖြတ်ခဲ့တာပါ။
11 months Ago
Up