အစိုးရ ဆန့်ကျင်ဆန္ဒပြသူများ

January 16, 2021

ချီလီအစိုးရ ဆန့်ကျင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ဖြိုခွင်း

ဇန်နဝါရီ ၁၅ ရက်က ချီလီအစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရေအမြောက်၊ မျက်ရည်ယိုဓာတ်ငွေ့တို့နဲ့ ဖြိုခွင်းလိုက်ပါတယ်။ ပင်စင်လစာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးစနစ်တွေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ ချီလီဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက စခဲ့တာပါ။  သောကြာနေ့တိုင်း ဆန္ဒပြသူတွေက လမ်းပေါ်ထွက်ပြီး လက်တင်အမေရိကရဲ့ အဖွံ့ဖြိုးဆုံး နိုင်ငံတစ်ခုမှာ မညီမျှမှုတွေ ဖြစ်နေတာကို ဆန္ဒပြကြပါတယ်။ ဇန်နဝါရီ ၁၅ ရက်က မြို့တော် ဆန်တီယေဂိုမှာ လုပ်တဲ့ ဆန္ဒပြပွဲတွေကတော့ အဓိကရုဏ်း ဝတ်စုံဝတ် ရဲတွေ၊ ရေအမြောက်နဲ့ မျက်ရည်ယိုဓာတ်ငွေ့တွေကို ရင်ဆိုင်ခဲ့ရပါတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာနှောင်းပိုင်းတုန်းကလည်း ပီနိုချေးလက်ထက်က ဖွဲ့စည်းပုံဥပဒေကို ဖယ်ရှားမယ့် အစီအစဉ်ကို အင်နဲ့ အားနဲ့ ထောက်ခံခဲ့ပြီးနောက် ချီလီနိုင်ငံသားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။
9 months Ago
Up