အစိုးရ ငြင်းဆို

September 11, 2019

ဟောင်ကောင်ဆန္ဒပြသူများ သေဆုံးခဲ့သည်ဆိုသည့် ကောလာဟလသတင်းများကို အစိုးရ ငြင်းဆို 

ဟောင်ကောင် မြေအောက်ရထားဘူတာရုံတခုမှာ ရဲတွေရဲ့ အကြမ်းဖက် ရှင်းလင်းမှုအတွင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ သေဆုံးခဲ့တယ်ဆိုတဲ့ ကောလာဟလတွေကို ဟောင်ကောင် အစိုးရက စက်တင်ဘာ ၁၀ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။ ပရင့်စ်အက်ဒွပ်ဘူတာက အကြမ်းဖက်မှုမှာ လူသေတယ်လို့ စွပ်စွဲထားတဲ့ ကောလာဟလတွေ အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေကြတယ်။ “ဒီသတင်း လုံးဝမှားတယ်ဆိုတာ ဟောင်ကောင် အစိုးရ၊ အမ်တီအာရ် ကော်ပိုရေးရှင်းနဲ့ တခြား ဌာနတွေက ထပ်ခါတလဲ ရှင်းပြခဲ့ပြီးပြီ။ အသေအပျောက် တကယ့်ကို မရှိခဲ့ပါဘူး” လို့ ဟောင်ကောင် ရဲတပ်ဖွဲ့ လူထုဆက်ဆံရေးဌာန အကြီးတန်းအရာရှိ ယုဟွိုင်ကွမ်က ပြောပါတယ်။  ဟောင်ကောင် အရေးပေါ်ဌာန၊ မီးသတ်ဌာန လူနာတင်ယာဉ်ဌာန လက်ထောက် အရာရှိချုပ် နဲ့ မြေအောက်ရထား လုပ်ငန်းရှင်တို့ ၃ ဖွဲ့က ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ ပရင့်စ်အက်ဒွပ်ဘူတာမှာ သြဂုတ် ၃၁ ရက်က ဘယ်လို အသေအပျောက်မှ မရှိခဲ့ဘူးလို့ တပတ်အတွင်း ၆ ကြိမ် ငြင်းခဲ့ပါတယ်။  အဲဒီညက ဘူတာမှာ လူ ၁၀ ယောက် ဒဏ်ရာရတယ်လို့ ကနဦး ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ ဒဏ်ရာရသူ အရေအတွက် ၇ ယောက်လို့ ပြောင်းပြီး ကြေညာခဲ့ပါတယ်။ သူတို့ သေဆုံးတဲ့ ဖြစ်နိုင်ချေကြောင့် ကောလာဟလတွေ ထွက်လာခဲ့တာပါ။ အစိုးရက ငြင်းနေပေမယ့် ဒေသခံတွေက ဘူတာရုံဝင်ပေါက်မှာ ထုံးတမ်းစဉ်လာ ဈာပန ကန်တော့တဲ့ ပစ္စည်းတွေ ဆက်ပြီး ချထားနေကြပါတယ်။
ေဟာင္ေကာင္ဆႏၵျပသူမ်ား ေသဆုံးခဲ့သည္ဆိုသည့္ ေကာလာဟလသတင္းမ်ားကို အစိုးရ ျငင္းဆို DVB ေဟာင္ေကာင္ ေျမေအာက္ရထားဘူတာ႐ုံတခုမွာ ရဲေတြရဲ႕ အၾကမ္းဖက္ ရွင္းလင္းမႈအတြင္း အစိုးရ ဆန႔္က်င္ေရး ဆႏၵျပသူေတြ ေသဆုံးခဲ့တယ္ဆိုတဲ့ ေကာလာဟလေတြကို ေဟာင္ေကာင္ အစိုးရက စက္တင္ဘာ ၁၀ ရက္မွာ ျငင္းဆိုလိုက္ပါတယ္။ ပရင့္စ္အက္ဒြပ္ဘူတာက အၾကမ္းဖက္မႈမွာ လူေသတယ္လို႔ စြပ္စြဲထားတဲ့ ေကာလာဟလေတြ အြန္လိုင္းမွာ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖန႔္ေနၾကတယ္။ “ဒီသတင္း လုံးဝမွားတယ္ဆိုတာ ေဟာင္ေကာင္ အစိုးရ၊ အမ္တီအာရ္ ေကာ္ပိုေရးရွင္းနဲ႔ တျခား ဌာနေတြက ထပ္ခါတလဲ ရွင္းျပခဲ့ၿပီးၿပီ။ အေသအေပ်ာက္ တကယ့္ကို မရွိခဲ့ပါဘူး” လို႔ ေဟာင္ေကာင္ ရဲတပ္ဖြဲ႕ လူထုဆက္ဆံေရးဌာန အႀကီးတန္းအရာရွိ ယုဟြိဳင္ကြမ္က ေျပာပါတယ္။ ေဟာင္ေကာင္ အေရးေပၚဌာန၊ မီးသတ္ဌာန လူနာတင္ယာဥ္ဌာန လက္ေထာက္ အရာရွိခ်ဳပ္ နဲ႔ ေျမေအာက္ရထား လုပ္ငန္းရွင္တို႔ ၃ ဖြဲ႕က ပူးတြဲသတင္းစာရွင္းလင္းပြဲ လုပ္ခဲ့တာပါ။ ပရင့္စ္အက္ဒြပ္ဘူတာမွာ ၾသဂုတ္ ၃၁ ရက္က ဘယ္လို အေသအေပ်ာက္မွ မရွိခဲ့ဘူးလို႔ တပတ္အတြင္း ၆ ႀကိမ္ ျငင္းခဲ့ပါတယ္။ အဲဒီညက ဘူတာမွာ လူ ၁၀ ေယာက္ ဒဏ္ရာရတယ္လို႔ ကနဦး ေဖာ္ျပခဲ့ၿပီး ေနာက္ပိုင္းမွာ ဒဏ္ရာရသူ အေရအတြက္ ၇ ေယာက္လို႔ ေျပာင္းၿပီး ေၾကညာခဲ့ပါတယ္။ သူတို႔ ေသဆုံးတဲ့ ျဖစ္ႏိုင္ေခ်ေၾကာင့္ ေကာလာဟလေတြ ထြက္လာခဲ့တာပါ။ အစိုးရက ျငင္းေနေပမယ့္ ေဒသခံေတြက ဘူတာ႐ုံဝင္ေပါက္မွာ ထုံးတမ္းစဥ္လာ ဈာပန ကန္ေတာ့တဲ့ ပစၥည္းေတြ ဆက္ၿပီး ခ်ထားေနၾကပါတယ္။
2 years Ago
Up