အစိုးရနှင့်ဖာ့စ်သူပုန်အကြား

January 14, 2018

အစိုးရနှင့်ဖာ့စ်သူပုန်အကြား ငြိမ်းချမ်းရေးသဘောတူညီချက် ကုလ ထောက်ခံ

ကိုလံဘီယာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကိုလံဘီယာ အစိုးရနဲ့ ဖာ့စ်သူပုန်တွေအကြား ပြုလုပ်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ မြို့တော် ဘိုကိုတာကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟာ ဇန်န၀ါရီလ ၁၃ က ကိုလံဘီယာနိုင်ငံ သမ္မတနဲ့ တွေ့ဆုံခဲ့ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ “ကျနော်တို့ဟာ ငြိမ်းချမ်းရေးကို မဆုတ်မနစ် အပြည့်အ၀ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုပါတယ်။ လက်နက်ကိုင် ပဋိပက္ခဟာ အဖြေမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးသည်သာ ဆင်းရဲမွဲတေမှု၊ ဖွံဖြိုးတိုးတက်မှု၊ တန်းတူညီမျှမှု ပြသနာရပ်တွေနဲ့ ဒီိမိုကရေစီအတွက် အဖြေပဲဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိစေဖို့ ကျနော်တို့ သံန္တွိဋ္ဌာန် ခိုင်ခိုင်မာမာ ချထားပါတယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။ “နိုင်ငံတကာ အသိုင်းအ၀န်း ထောက်ခံမှုနဲ့ ကျနော်တို့ အစိုးရက  အပစ်အခတ်ရပ်စဲရေး ဆန္ဒရှိနေတဲ့ကြားက အမျိုးသားလွတ်မြောက်ရေးတပ် (ELN)ဟာ  အကြမ်းဖက် လုပ်ရပ်တွေကို ပြန်စတင်နေတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်” လို့ ကိုလံဘီယာ သမ္မတ ဟွမ်မန်နူရယ်ဆန်းတိုးစ်က ပြောကြားခဲ့ပါတယ်။ ကိုလံဘီယာနိုင်ငံမှာ နှစ်ပေါင်းငါးဆယ်ကျော် လက်နက်ကိုင် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ ဖာ့စ် သူပုန်အဖွဲ့ဟာ  အစိုးရနဲ့ ပြုလုပ်ထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု အရ မနှစ်တုန်းက သူပုန် တပ်ဖွဲ့ဝင် ၁၁,၀၀၀ ကျော် လက်နက်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အခုအခါ  ဖာ့စ်သူပုန်အဖွဲ့ ခေါင်းဆောင်တွေဟာ  နိုင်ငံရေးပါတီအနေနဲ့ ဆက်လက်လုပ်ဆောင်မယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ကိုလံဘီယာနိုင်ငံ ငြိမ်းချမ်းရေး ရရှိတာဟာ နိုင်ငံ   GDP တိုးတက်စေပြိး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို တိုးမြှင့်စေတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။
3 years Ago
Up