အစိုးရအရာရှိဟောင်း

December 11, 2019

မူးယစ်ဂိုဏ်းနှင့်ဆက်နွှယ်သည့် မက္ကဆီကို အစိုးရအရာရှိဟောင်းကို အမေရိကန် ဖမ်းဆီး

အမေရိကန်ဒေါ်လာ သန်းချီ လာဘ်ငွေယူပြီး မက္ကဆီကိုနိုင်ငံအတွင်း စီနာလိုအာ မူးယစ်ဂိုဏ်းကို လှုပ်ရှားခွင့်ပေးမှုအတွက် မက္ကဆီကိုအစိုးရ အရာရှိဟောင်းတယောက်ကို ဖမ်းဆီးလိုက်ပြီလို့ ဘရွတ်ကလင်မြို့က အမေရိကန်ပြည်ထောင်စု အစိုးရရှေ့နေတွေက ဒီဇင်ဘာ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။ မက္ကဆီကိုပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအေဂျင်စီရဲ့ အကြီးအကဲအဖြစ် ၂၀၀၁ ကနေ ၂၀၀၅ ကြား၊ ပြည်သူ့လုံခြုံရေးဝန်ကြီးအဖြစ် ၂၀၀၆ ကနေ ၂၀၁၂ ခုနှစ်ကြားမှာ တာဝန် အသီးသီး ထမ်းဆောင်ခဲ့တဲ့ ဂျေနာရိုဂါစီယာလူနာကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒါးလတ်စ်မြို့မှာ ဖမ်းခဲ့တာလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ တာဝန်ယူချိန်မှာ သူ့ကို လာဘ်ထိုးပြီး စီနာလိုအာ မူးယစ်ဂိုဏ်းက မူးယစ်ဆေး တင်ထားတဲ့ သင်္ဘောတွေဟာ ဘေးကင်းကင်း သွားလာနိုင်ခဲ့ကြတယ်လို့ ဘရွတ်ကလင်း ပြည်ထောင်စုခုံရုံးမှာ တင်ထားတဲ့စွဲချက်က ဆိုပါတယ်။ ဂါစီယာလူနာဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်နိုင်ငံသားအဖြစ် လျှောက်ထားခဲ့ချိန်က မူးယစ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သူ့လုပ်ရပ်တွေအတွက် အမေရိကန် အာဏာပိုင်တွေကို လိမ်ညာခဲ့တယ်လို့လည်း အမေရိကန် အစိုးရရှေ့နေတွေက ပြောခဲ့ပါတယ်။
2 years Ago
Up