အစိုးရအဖွဲ့

January 17, 2021

အစိုးရအဖွဲ့တွင် ကမ်းလှမ်းခံရပါက မွန်ညီညွတ်ရေးပါတီ ဆုံးဖြတ်ချက် ရွေးကောက်ခံကိုယ်စားလှယ်များ လိုက်နာမည်

အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံရပါက ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့နဲ့ အဆိုမေးခွန်း တင်သွင်းမေးမြန်းရာမှာလည်း ပါတီနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ မွန်ညီညွတ်ရေးပါတီက ရွေးကောက်ခံကိုယ်စားလှယ်တွေ ကတိပြုခဲ့ကြပါတယ်။ အခု ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၂ နေရာ အနိုင်ရရှိခဲ့တာပါ။  အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၂ ဦးဟာ လာမယ့် ၅ နှစ်အတွင်း လိုက်နာဆောင်ရမယ့် အချက် ၉ ချက်ကို ဇန်နဝါရီ ၁၆ ရက်နေ့က ပါတီဗဟိုမှာ လက်မှတ်ထိုး ကတိပြုခဲ့ကြပါတယ်။ အဲလို ကတိပြုရာမှာတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံရပါက ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့နဲ့ အဆိုမေးခွန်း တင်သွင်းမေးမြန်းရာမှာလည်း ပါတီနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ ပါဝင်တယ်လို့ မွန်ညီညွတ်ရေးပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် နိုင်လယိတမက ပြောပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သက်ဆိုင်ရာမြို့နယ်ပါတီ ကော်မတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အပြင် ပါတီရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ကြရာမှာ ဖြစ်ပါတယ်။ ဒါအပြင် ကိုယ်စားလှယ်တွေအနေနဲ့ ပါတီရဲ့ ဂုဏ်သိက္ခာ မကျဆင်းရေးနဲ့ အချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ကတိပြုထားတယ်လို့ မွန်ညီညွတ်ရေးပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ဦးမင်းအောင်ထူးက ပြောပါတယ်။ ဒါ့အပြင် အစိုးရကို ထိန်းကျောင်းတဲ့နေရာမှာ ပြည်ထောင်စုလွှတ်တော်မှာတော့ မဟာမိတ်ပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေပြီး မွန်ပြည်နယ်လွှတ်တော်မှာတော့ အနိုင်ရပါတီအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ မွန်ညီညွတ်ရေးပါတီ ရှိနေတဲ့အတွက် အစိုးရကို အကောင်ဆုံး ထိန်းကျောင်းသွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြောပါတယ်။ မွန်ညီညွတ်ရေးပါတီဟာ အခုရွေးကောက်ပွဲမှာတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနဲ့ မွန်ပါတီ ထူထောင်လိုသူ အစုအဖွဲ့ ၃ ခု ပေါင်းစည်းပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာမှ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မွန်ညီညွတ်ရေးပါတီဟာ အခု ရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၁ နေရာ ကရင်ပြည်နယ်မှာ လွှတ်တော် ကိုယ်စားလှယ် ၁ နေရာ၊ စုစုပေါင်း ၁၂ နေရာ အနိုင်ရရှိထားတာပါ။ ဇော်လွင်ထွဋ်
5 months Ago

November 15, 2020

အစိုးရအဖွဲ့၏ အဓိကနေရာရွေးချယ်မှု ကြေညာခါနီးပြီဟု ဂျိုးဘိုင်ဒင်ပြော

အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က အစိုးရအဖွဲ့ရဲ့ အဓိကနေရာတွေအတွက် သူ့ရွေးချယ်မှုတွေကို ကြေညာဖို့ နီးလာပြီလို့ နိုဝင်ဘာ ၁၄ ရက်မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ ဘိုင်ဒင်နဲ့ ဇနီးတို့ဟာ ဒယ်လာဝဲလ်ပြည်နယ် လေဝက်စ်မြို့က ကိပ်ဟန်လိုပန်ပြည်နယ် ပန်းခြံထဲမှာ စက်ဘီးစီးရင်း “အစိုးရ အဖွဲ့ဝင် အရာရှိတွေအတွက် သူ့ ရွေးချယ်မှုကို ထုတ်ပြောဖို့ နီးလာပြီ” လို့ ဘိုင်ဒင်က သတင်းထောက်တွေကို အခုလို ပြောပါတယ်။ ဒီသီတင်းပတ်အစောပိုင်းကလည်း ဘိုင်ဒင်ဟာ သူ့ရဲ့ ကာလကြာရှည် လက်ထောက် ရွန်ကလိန်းကို သူ့ရဲ့ အိမ်ဖြူတော် ဝန်ထမ်းများအကြီးအကဲအဖြစ် သတင်းထောက်တွေကို ထုတ်ပြောလိုက်ပါတယ်။  ဘိုင်ဒင်ဟာ နိုင်ငံတွင်း လူမျိုးစုတွေ ကွဲပြားခြားနားမှုကို ထင်ဟပ်စေဖို့ အစိုးရအဖွဲ့ကို တည်ဆောက်မယ်လို့ ကတိပြုထားပါတယ်။ သူဟာ အိမ်ဖြူတော်နဲ့ အစိုးရအဖွဲ့ရဲ့ အဓိကရာထူးနေရာတွေအတွက် ဘယ်သူ့ကို ရွေးထားတယ်ဆိုတာကို လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း ကြေညာမယ်လို့ မျှော်လင့်ထားပါတယ်။
7 months Ago
More News
Up