အစိုးရအဂတိလာဘ်စားမှုဆန္ဒပြပွဲ

March 27, 2017

အစိုးရအဂတိလာဘ်စားမှု ဆန္ဒပြပွဲတွင်း ရုရှားအတိုက်အခံခေါင်းဆောင် ဖမ်းဆီးခံရ

ရုရှားအစိုးရ အဓိကအတိုက်အခံခေါင်းဆောင်တဦးကို ပြီးခဲ့တဲ့ မတ် ၂၆ ရက်နေ့က မြို့တော် မော်စကိုမှာ ကျင်းပတဲ့ အစိုးရအဂတိ လာဘ်စားမှု ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရပါတယ်။ ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်(Dmitry Medvedev)ကို အဂတိလိုက်စားမှုအတွက် နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲတွေ နိုင်ငံတ၀န်း ဖြစ်ပွားနေတာပါ။ ဒီချီတက်ဆန္ဒပြပွဲတွေဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရဘဲ ကျင်းပကြလို့ တရားမဝင်ဘူးဆိုပြီး အတိုက်အခံခေါင်းဆောင် အလက်ဇီအ် နာဗယ်လ်နီ(Alexei Navalny)အပါအ၀င် ဆန္ဒပြသူ အများအပြား ဖမ်းဆီးခံရပါတယ်။ ရုရှားသမ္မတ ပူတင် နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ စာတန်းတွေ ကိုင်ဆောင် ဆန္ဒပြကြတာကိုလည်း တွေ့ရှိရပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ ၂၀၁၁ ၊ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေ နောက်ပိုင်း အကြီးဆုံး ဆန္ဒပြပွဲတွေလို့ သတင်းတွေက ဆိုပါတယ်။ အတိုက်အခံခေါင်းဆောင်ဟာ နာဗလ်လ်နီဟာ မော်စကိုမြို့လယ်က ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ဖို့ ရောက်အလာမှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဆန္ဒပြသူတွေက ရဲကားကို ပိတ်ဆို့ တားဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ အစိုးရကို ဆက်လက်ဆန့်ကျင်ဆန္ဒပြကြဖို့ သူ ဖမ်းဆီးထိန်းသိမ်းခံရအပြီး သူ့ရဲ့ Twitter မှာ ရေးသားတိုက်တွန်းခဲ့ပါတယ်။
5 years Ago
Up