အစိုးရလုပ်ဆောင်ချက်

A d v e r t i s e m e n t With Us

June 7, 2020

လက်ဘနွန်စီးပွားရေးအကြပ်အတည်း အစိုးရလုပ်ဆောင်ချက်အား ပြည်သူများ ဆန္ဒပြ

လက်ဘနွန်နိုင်ငံမှာ ရာချီတဲ့ဆန္ဒပြသူတွေ ဇွန်လ ၆ ရက်က လမ်းပေါ်ချီတက် ဆန္ဒပြပြီး စီးပွားရေးအကြပ်အတည်းအပေါ် အစိုးရရဲ့လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ ပြစ်တင်ရှုံ့ချခဲ့ ကြပါတယ်။  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဓာတ်ငွေ့တွေ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲဖို့ ကြိုးစားသလို ဆန္ဒပြသူတွေကလည်း ကျောက်ခဲတွေနဲ့ ပြန်ပစ်ပေါက် ခဲ့ကြ ပါတယ်။  လက်ဘနွန်အစိုးရက အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့နဲ့ ညှိုနှိုင်းပြီး ပြိုလဲနေတဲ့ စီးပွားရေးကို ထောက်ပံ့ဖို့ ဒေါ်လာ ဘီလျံချီ ရရှိရေး မျှော်လင့်နေပါတယ်။  ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး အသွားအလာ ကန့်သတ်ချက် တွေကို ဖြေလျှော့ပေးနေတည်းက ပထမဆုံး အကြီးစား ဆန္ဒပြပွဲ ဖြစ်လာခဲ့တာပါ။  မြို့တော်က ရေပေါ်ဆီ လူတန်းစား နေထိုင်ရာ ခရိုင်အတွင်း ပရိဘောဂ ဆိုင်တဆိုင်ကို ဆန္ဒပြသူတွေက ဖျက်ဆီးခဲ့ပြီး အမှိုက်ပုံးတွေကိုလည်း မီးရှို့ခဲ့ပါတယ်။  ပိုကောင်းတဲ့ လူနေမှု အဆင့်၊ ရှီးယိုက်ဟဇ်ဘိုလာ ပြောက်ကျားတပ်ကို လက်နက် ဖြုတ်သိမ်းရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပိုတင်းတင်းကြပ်ကြပ် ဆောင်ရွက်ဖို့တွေကို တောင်းဆိုရင်း လွှတ်တော်ရွေးကောက်ပွဲတွေ ပိုစောစော ခေါ်ယူ ကျင်းပဖို့ ဆန္ဒပြသူတွေက ဆော်သြခဲ့ပါတယ်။  လက်ဘနွန်စီးပွားရေးဟာ လတ်တလော လတွေအတွင်း အနက်ရှိုင်းဆုံး ထိုးကျခဲ့လို့ ငွေတန်ဖိုးလည်း ထက်ဝက် ကျဆင်းခဲ့ပါတယ်။  ကုန်ဈေးနှုန်း တိုးလာပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက် ကပ်ဘေးကြောင့် အလုပ်အကိုင် ဆုံးရှုံး တဲ့အခါ ထပ်ဆင့် ထိုးနှက်ခံရသလို ဖြစ်လာပါတော့တယ်။
9 months Ago
Up