အစိုးရရုံးဝင်း

July 14, 2020

အာဖဂန်နစ္စတန် အစိုးရရုံးဝင်းအတွင်း တာလီဘန် ပစ်ခတ်မှုကြောင့် ၁၀ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန် မြောက်ပိုင်းအစိုးရ ရုံးဝင်းတစ်ခုမှာ တာလီဘန်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်ကြပြီး ၁၀ ယောက်ထက်မနည်း သေဆုံးကာ အရပ်သားတွေ အပါအဝင် ၅၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဆာမန်ဂန်ပြည်နယ်ရဲ့ မြို့တော် အိုင်းဘတ်က အစိုးရရုံးတစ်ခုမှာ ကားဗုံးပေါက်ကွဲပြီးနောက် တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ ထောက်လှမ်းရေးအေဂျင်စီက ပြောပါတယ်။  ဒီတိုက်ခိုက်မှုကို တာလီဘန်တွေက သူတို့လက်ချက် ဖြစ်တယ်လို့ ကြေညာခဲ့သလို တိုက်ခိုက်မှုဟာ အကြမ်းဖက်မှုတွေ မြင့်တက်နေတဲ့ ထိရှလွယ်ကာလမှာ ဖြစ်ပေါ်ခဲ့တာပါ။  အာဖဂန်နစ္စတန်မှာ အကြမ်းဖက်မှုက အစိုးရနဲ့ စစ်သွေးကြွတွေအကြား ဆွေးနွေးမှုတွေကို နှောင့်နှေးကြန့်ကြာစေပါတယ်။   တာလီဘန်တွေ တောင်းဆိုထားတဲ့ အကျဉ်းသားပေါင်း  ၅,၀၀၀ အထဲကနေ  အကျဉ်းသား ၆၀၀ ကိုလွှတ်ပေးရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ စစ်သွေးကြွတွေအကြား သဘောကွဲလွဲတာကြောင့် ဆွေးနွေးပွဲတွေ မစနိုင်သေးဘူးလို့ ရိုက်တာသတင်းမှာ  ဖော်ပြပါတယ်။
10 months Ago
Up