ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုရဲ့ မဟာမိတ်တွေ ထိန်းချုပ်တဲ့ ကွန်ဂရက်လွှတ်တော်ကို ဇန်နဝါရီ ၅ ရက်မှာ စတင်ခေါ်ယူကျင်းပနေပါတယ်။
တချိန်တည်းမှာပဲ ၂၀၁၉ ကတည်းက လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်လာတဲ့ အတိုက်အခံ ခေါင်းဆောင် ဟွမ်ဂွယ်ဒိုကလည်း အွန်လိုင်းအစည်းအဝေးနဲ့ သီးခြားလွှတ်တော်ကို ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။
ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့တဲ့ ဗင်နီဇွဲလား လွှတ်တော်အစည်းဝေးတွေကို အတိုက်အခံပါတီက သပိတ်မှောက်ခဲ့ပြီးနောက် သမ္မတ မာဒူရိုရဲ့ ဆိုရှယ်လစ်ပါတီ ထိန်းချုပ်တဲ့ ကွန်ဂရက်လွှတ်တော်နဲ့ အပြိုင် လွှတ်တော်ကို ဖန်တီးခဲ့တာပါ။
အစောပိုင်းမှာ ဆိုရှယ်လစ်ပါတီအမတ်တွေနဲ့ မဟာမိတ်တွေက သမ္မတဟောင်း ဟူဂိုရှားဗက်စ်နဲ့ နိုင်ငံတည်ထောင်သူ ဆိုင်မွန်-ဘိုလီဗာတို့ရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ပြီး အနီးဝန်းကျင်ရင်ပြင်ကနေ လွှတ်တော်အဆောက်အအုံဆီ ချီတက်ခဲ့ပါတယ်။
အနောက်နိုင်ငံအတော်များများကတော့ ဒီကွန်ဂရက်လွှတ်တော်ဟာ မဲလိမ်ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ လွှတ်တော်အဖြစ် ထိုးနှက်ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့်အစိုးရက ဂွယ်ဒိုဦးစီးတဲ့ ကိုယ်တိုင်လွှတ်တော်သက်တမ်း တိုးတာကို အသိမှတ်ပြုပေမဲ့ အီးယူအပါအဝင် တခြားနိုင်ငံတကာက ဂွယ်ဒိုထောက်ခံသူတွေ ကတော့ သဘောမတူသေးဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
2 months Ago