အစိုးရတုံ့ပြန်မှု

A d v e r t i s e m e n t With Us

March 20, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အစိုးရတုံ့ပြန်မှုကို မကျေနပ်သဖြင့် စပိန်ပြည်သူများ အိုးခွက်တီးဆန္ဒပြ

စပိန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း အစိုးရရဲ့တုံ့ပြန်မှုကို မကျေနပ်လို့ ထောင်နဲ့ချီတဲ့ ပြည်သူတွေက လသာဆောင်တွေကိုထွက်ပြီး သတ္ထုအိုးတွေကို တီးခေါက်ခဲ့ကြပါတယ်။  မတ်လ ၁၈ ရက်မှာ တီးခတ်ခဲ့တဲ့ အိုးခွက်သံတွေဟာ ကူးစက်ကပ်ဘေးကို အတူ အနိုင်ယူရေး စပိန်ဘုရင် ဖိလစ်က နိုင်ငံကိုပြောတဲ့ မိန့်ခွန်းသံကို ဖုံးလွှမ်းခဲ့တာပါ။  ဘုရင်ဖိလစ်ရဲ့ဖခင် ဘုရင်ဟောင်း ဟွမ်ကာလိုစ်က ဆော်ဒီအာရေဗျကနေ လက်ခံရရှိထား တယ်ဆိုတဲ့ ငွေသန်းချီကို စပိန် ကျန်းမာရေး စနစ်အတွက် လှူဒါန်းဖို့ လူမှုကွန်ရက် မီဒီယာပေါ်က တောင်းဆိုမှုကြောင့် ထပ်ခါတလဲ ဆန္ဒပြကြတာပါ။ မတ် ၁၈ ရက်နေ့ညကလည်း ခွဲထွက်ရေး လိုလားသူတွေက ဆန္ဒပြလို့ ဘာစီလိုနာမြို့ရဲ့ လမ်းတွေပေါ်မှာ အိုးခွက်သံတွေ ဆူညံနေခဲ့ပါတယ်။  ဘုရင်ဖိလစ်ကတော့ သူဟာ ဖခင် ဘုရင်ဟောင်း ဟွမ်ကာလိုစ်ဆီက အမွေကို စွန့်လွှတ်ခဲ့ပြီး ပဒေသရာဇ်ခေတ်ဟောင်းက နန်းတော် ထောက်ပံ့ကြေး ခွင့်ပြုချက်ကိုလည်း ပယ်ဖျက်ခဲ့တယ်လို့ မတ်လ ၁၅ ရက်က ပြောပါတယ်။  စပိန်ဘုရင်ဟောင်းဟာ နှစ်လေးဆယ်နီးပါး ထီးနန်းစံပြီး ၂၀၁၄ မှာ နန်းစွန့်ခဲ့ပါတယ်။ သူဟာ ဆော်ဒီအာရေဗျအစိုးရဆီကနေ အမေရိကန် ဒေါ်လာ သန်း ၁၀၀ လက်ခံယူခဲ့တယ်လို့ ဆွစ်ဇာလန်အခြေစိုက်သတင်းစာ တစောင်က ရေးသားခဲ့ပေမဲ့ သူကတော့ ဒါကို မှတ်ချက် မပေးခဲ့ပါဘူး။
11 months Ago
Up