ဟောင်ကောင်ဒေသက ရှော့ပင်းစင်တာတွေမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေ မကြာခဏ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
ခရစ္စမတ်ကာလ ဈေးဝယ်များချိန်မှာ ရှော့ပင်းမောလ်တွေထဲ မျက်နှာဖုံးတပ် အနက်ရောင်ဝတ်လူအုပ်တွေ ရောက်လာပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြ၊ တရားမျှတမှုကို ပြန်ယူကြ စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးကြပါတယ်။
ရှားတင်ခရိုင်က New Town Plaza ဖျက်ဆီးခံရပြီးနောက် ရဲတပ်ဖွဲ့က ရှော့ပင်းမောလ် အပြင်ဘက်မှာ မျက်ရည်ယိုဓာတ်ငွေ့နဲ့ပစ်ခတ်ပြီး လူအများအပြားကို ခေါ်သွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဈေးဆိုင်တချို့ ဖျက်ဆီးခံရပြိး မီးခိုးဗုံးတလုံးကို ဖောက်ခွဲခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲဒီနောက် ဈေးဆိုင်အတော်များများကို ခပ်စောစော ပိတ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ တရုတ်အစိုးရကို ထောက်ခံတဲ့ ကုမ္ပဏီလို့ ယုံကြည်ရတဲ့ ဈေးဆိုင်တွေကို ရွေးပြီး ဆိုင်တံခါးကို ပိုစတာကပ်၊ ဆိုင်ရှေ့မှာ ကြွေးကြော်နေတာကို မြင်တွေ့ရပါတယ်။
1 year Ago