အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့ အန်စီအေကိစ္စ ဆွေးနွေး

October 21, 2019

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ကေအိုင်အေ အလွတ်သဘောဆွေးနွေး

ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ အောက်တိုဘာလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ အရင်ကတွေ့ဆုံနေကျ  Bilitaral အပစ်ရပ်ကိစ္စနဲ့ အိုင်ဒီပီ စစ်ဘေးရှောင် ဒုက္ခသည်အရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးဆန်အောင်က ပြောပါတယ်။ “အကြောင်းအရာကတော့ နဂိုဆွေးနွေးကြတဲ့ အကြောင်းအရာတွေအပေါ်မှာပဲ ဆွေးနွေး ကြမယ် ထင်ပါတယ်။ အစည်းအဝေးကို ဘယ်တော့ပြန်လုပ်မလဲ ဆိုတဲ့ဟာတွေပေါ့နော်။ Bilitaral ကိစ္စတွေ၊ အိုင်ဒီပီကိစ္စတွေပေါ့။ ရှေ့သွားမယ့်ကိစ္စတွေကိုပဲ ဆွေးနွေးတာဖြစ်ပါတယ်။” ကေအိုင်အိုအဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ဟာ အစိုးရနဲ့ သြဂုတ် ၃၁ ရက်နေ့က ကျိုင်းတုံမြို့မှာ တစ်ကြိမ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ကျိုင်းတုံမြို့မှာ တစ်ကြိမ် တွေ့ဆုံဆွေး နွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲတွေမှာ သဘောတူညီချက်တချို့ရရှိခဲ့ပေမယ့် လက်တွေ့ကျတဲ့ မြေပြင်က တိုက်ပွဲတွေရပ်တန့်ဖို့ ကိစ္စတွေကိုတော့ အောင်မြင်အောင် မဆွေးနွေးနိုင်ခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့တုန်းကလည်း အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအန်ပီပီတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ အလွတ်သဘော တွေ့ဆုံ ခဲ့ကြပါတယ်။
2 years Ago

October 8, 2019

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့ အန်စီအေကိစ္စ ဆွေးနွေး

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) တို့   အန်စီအေစာချုပ်ပါအချက်တွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။  အစိုးရနဲ့ အန်စီအေ လက်မှတ်ထိုးခဲ့တဲ့အချိန်ကနေ အခုချိန်ထိ နိုင်ငံရေးဆွေးနွေးပွဲတွေ ကိုလည်း မလုပ်ခဲ့ရသလို  အန်စီအေစာချုပ် အခန်း ၆ ပါ ကြားကာလဆောင်ရွက်ချက်တွေကိုလည်း မလုပ်နိုင်ခဲ့တာကြောင့် ရခိုင်ပြည်သူလူထုအကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အခုလိုတွေ့ဆုံဆွေးနွေးရတာလို့  ALP ပါတီ ဗဟိုကော်မတီဝင် စောမြရာဇာလင်းက ပြောပါတယ်။ ရခိုင်လူထုအတွက် ပညာရေး၊ ကျန်းမာရေးက အစ အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် အလွယ်ဆုံးနည်းလမ်းတွေကနေစပြီး လုပ်ကိုင်နိုင်ဖို့အတွက် အခုတွေ့ဆုံပွဲမှာဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။ အဲဒီတွေ့ဆုံပွဲကို ရန်ကုန်မြို့ရွှေလီလမ်းမှာရှိတဲ့ NRPC ရုံးမှာကျင်းပတာ ဖြစ်ပြီး ALP က တာဝန်ရှိသူတွေနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကတာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေဘက်ကတော့ အခုတွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ အချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်လက်တင်ပြပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ 
2 years Ago
Up