အစားအသောက် ဝေငှ

May 1, 2021

မန္တလေးသံဃာတော်များက ပြည်သူများအတွက် အစားအသောက်ဝေငှ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ထဲက ကျူးကျော်ရပ်ကွက်မှာ နေထိုင်တဲ့ စားဝတ်နေရေး အခက်အခဲရှိနေသူတွေကို မန္တလေးမြို့ လေးပြင်လေးရပ်က ဆရာတော် သံဃာတော်တွေ စုပေါင်းပြီး မေလ ၁ ရက်နေ့က အစားအသောက်တွေ ဝေငှခဲ့ကြပါတယ်။

အရင်က COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းတွေ အဆင်မပြေတဲ့အပြင် အခုချိန် စစ်အာဏာရှင်လက်အောက်မှာလည်း လုပ်ငန်းတွေ မလုပ်ရတာကြောင့် စားဝတ်နေရေး ခက်ခဲသူတွေ ရှိကြပါတယ်။

ဒါ့ကြောင့် မန္တလေးမြို့ လေးပြင်လေးရပ်က ဆရာတော် သံဃာတော်တွေ စုပေါင်းပြီး အစားအသောက် ဝေတာတွေ လုပ်တဲ့အပြင် ဘာသာပေါင်းစုံ ပူးပေါင်းပြီးတော့လည်း လှူဒါန်းတာတွေ လုပ်ကြပါတယ်။

6 months Ago

March 29, 2020

COVID-19 ကြောင့် မလေးရှားတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများကို အစားအသောက် ဝေငှ

COVID-19 ကြောင့် မလေးရှားနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှား မြန်မာသံရုံးက ဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင်နဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းကာ လက်လှမ်းမီသမျှ လိုက်လံကာ အစားအသောက်တွေ ဝေငှပေးနေပြီး အကူညီလိုအပ်ပါက ဆက်သွယ်ဖို့ တိုက်တွန်းထားပါတယ်။ မလေးရှားနိုင်ငံ ဘလက်ကောင်းမြို့၊ စာတန်းမြို့၊ ဂျလန်လော့ရီ ပူတူးမြို့နယ်၊ ခဲရပ်မြို့နယ်၊ ချင်းတိုင်းရင်းသားများကွန်မြူနတီ C.R.C၊ ချင်းတိုင်းရင်းသားများကွမိုင်ဘုန်းတော်ကြီး၊ ချင်းတိုင်းရင်းသားကွန်မြူနတီဇိုမီး၊ မွတ်ဆလင် ဘာသာဝင်မိသားစုတွေ၊ ပူချွန်းမြို့ D.H.L နဲ့ ပူချွန်းမြို့ ၁၄ မိုင်ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက်ကာ ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။ ကျန်နေရာဒေသတွေကိုလည်း အတတ်နိုင်ဆုံး သွားရောက်ကာ နေ့စဉ်လှူဒါန်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။  မြန်မာနိုင်ငံသားတွေ နေထိုင်ရာ နေရာတွေမှာလည်း ဆန်၊ ဆီ၊ ဆား လိုအပ်ချက်တွေရှိရင် နယ်မြေခံ စေတနာအကျိုးဆောင်တွေကို ဆက်သွယ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။  ဆက်သွယ်ရမယ့်သူတွေကတော့ ဇိုမီးကွန်မြူနတီ 016-2544093၊ C.R.C ကွန်မြူနတီ 016-9960503၊ A.C.R ကွန်မြူနတီ 017-3377843၊ စာတန်းပရဟိတ 01123153866၊ သစ္စာမဏ္ဏိုင်ပရဟိတ ဘလက်ကောင်းမြို့ 0112848478814၊ မိုင်ဘုန်းတော်ကြီးကျောင်း ပူချွန်းမြို့ 01169888322၊ ပူတူးမြို့ (သားဝတုတ် ပါတိတ်) 017-6464769၊ ချဲရပ်မြို့က ကိုပီတာ 01151909359 တို့ကို ဆက်သွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဂျော်နီ
2 years Ago
Up