အစားအစာခိုးသည့် ဆယ်ကျော်သက်ကို ရိုက်နှက်မီးရှို့မှု ဝေဖန်ပြစ်တင် (ရုပ်သံ)

A d v e r t i s e m e n t With Us

November 19, 2016

အစားအစာခိုးသည့် ဆယ်ကျော်သက်ကို ရိုက်နှက်မီးရှို့မှု ဝေဖန်ပြစ်တင် (ရုပ်သံ)

နိုင်ဂျီးရီးယားနိုင်ငံမှာ အစားအစာနဲ့ တခြားပစ္စည်းတွေ ခိုးယူခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်တဦးကို စိတ်ဆိုးဒေါသထွက်နေကြတဲ့ လူအုပ်စုကြီးက ရိုက်နှက်မီးရှို့ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုင်ဂျီးရီးယားနိုင်ငံမြို့တော် လာဂို့စ်အနောက်တောင်ပိုင်း ဘာဒါဂရီခရိုင်မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းမှာ နိုဝင်ဘာ ၁၈ ရက်နေ့က ဖော်ပြပါတယ်။ ဒေသတွင်းအိမ်တွေနဲ့ စတိုးဆိုင်တွေထဲက ပစ္စည်းတွေ ခိုးယူခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အဲဒီဆယ်ကျော်သက်ဟာ လူအုပ်စုကြီးရဲ့အလယ်မှာ ရှိနေခဲ့ပြီး သွေးတွေအလိမ်းလိမ်းနဲ့ မျက်နှာကို လက်နဲ့ကွယ်ကာ အသက်ကို ချမ်းသာပေးဖို့ တောင်းပန်နေခဲ့တာကို တွေ့ရပါတယ်။ လူအုပ်စုကြီးဟာ သူ့ကို တချက်ပြီးတချက် ရိုက်နှက်နေခဲ့ကြပြီးနောက်မှာတော့  အမျိုးသားတဦးက သူ့ရဲ့လည်ပင်းကို မီးစွဲလောင်နိုင်တဲ့ လောင်စာရည်တွေ ထည့်ထားတဲ့ ကားတာယာကွင်းကို စွပ်ပေးလိုက်တာပါ။ သူ့ရဲ့ ခြေထောက်တွေကိုလည်း ချည်နှောင်ထားခဲ့တာဖြစ်ပြီး အဆိုပါကားတာယာကို မီးရှို့ခဲ့ကြပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ သူဟာ လည်ပင်းမှ အဆိုပါကားတာယာကွင်းကို ဖယ်ထုတ်ပစ်လိုက်နိုင်ခဲ့တာပါ။ သတင်းအစီရင်ခံစာတွေရဲ့ အဆိုအရ နောက်ပိုင်းမှာ တခြားဒေသခံတွေ ရောက်ရှိလာပြီး သူ့ကို ရဲလက် လွှဲပြောင်းပေးလိုက်ဖို့ ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ် ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ တမုဟုတ်ချင်း ပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ ပြစ်မှုကျူးလွန်သူဟာ အသက် ၁၅ နှစ်အရွယ်သာ ရှိသေးတာမို့ ခုလိုမလုပ်သင့်ဘူးလို့ ဝေဖန်နေကြတာပါ။ လက်ရှိမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတွေဘက်က မှတ်ချက်တစုံတရာ ပေးထားတာမျိုး မရှိသေးဘူးလို့ သတင်းက ဆိုပါတယ်။
4 years Ago
Up