အစားအစာ

June 28, 2022

အာသံပြည်နယ်တွင် ရေးဘေးသင့်သူများကို အစိုးရက အစားအစာ ဝေငှ

အိန္ဒိယနိုင်ငံ အာသံပြည်နယ်ထဲမှာ ရေဘေးသင့်နေတဲ့ ပြည်သူတွေကို ဒေသ အာဏာပိုင်တွေက ဇွန် ၂၇ ရက်မှာ စားစရာတွေ လိုက်ဝေပေးနေပါတယ်။ 

နာဂါယွန်မြို့နယ် အုပ်ချုပ်ရေးမှူး နစ်ဆက်ဂ်ဟီဗာရီက ရေဘေးကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူတွေကို သွားရောက်တွေ့ဆုံပြီး အကူအညီတွေ ပေးအပ်နေတဲ့အကြောင်း ပြောပါတယ်။ 

“အရင်ဆုံး သုံးရက်စာ အကူအညီတွေ ပေးခဲ့ပါတယ်။ အခုပေးတာက နောက်ထပ် ၅ ရက်စာပါ။ ဒီဒေသက သွားရေးလာရေးခက်ခဲတာကြောင့်ပါ။”

ရေဘေးအတွင်းမှာ နာဂါယွန်မြို့နယ်ထဲက အိမ်တွေ၊ ဘုရားကျောင်းတွေ ရေအောက်မြှုပ်နေပြီး အာဏာပိုင်တွေဟာ လမ်းပန်းဆက်သွယ်ရေခက်ခဲတဲ့ ဒီဒေသအထိသွားပြီး ဆန်နဲ့ ဂျုံတွေကို သွားဝေပေးနေတာပါ။ 

အာသံပြည်နယ်ထဲက တချို့မြို့နယ်တွေမှာ ဧပြီလကတည်းက ရေကြီးနေတာဖြစ်ပြီး အခုအထိ လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ 

3 months Ago

March 25, 2022

မာရီယူပိုးလ်မြို့ ဒေသခံများ အစားအစာရရန် အချိန်ကြာမြင့်စွာ တန်းစီနေရ

ရုရှားတို့သိမ်းပိုက်ထားတဲ့ မာရီယူပိုးလ်မြို့ ရှောပင်းစင်တာဟောင်းတခုမှာ စားနပ်ရိက္ခာ အခက်အခဲကြုံနေတဲ့ မြို့ခံတွေကို ရုရှားတို့က အစားအစာ ဖြန့်ဝေပါတယ်။

လူ ၄ သိန်းကျော် နေထိုင်ခဲ့တဲ့ မာရီယူပိုးလ် ဆိပ်ကမ်းမြို့ကို ရုရှားတို့ အဆက်မပြတ် ဗုံးကြဲချခဲ့တာကြောင့် အဆောက်အအုံတွေ ပြားပြားဝပ် ဖြစ်သွားပါတယ်။ 

ထွက်မပြေးဘဲ မြို့မှာ ကျန်ခဲ့တဲ့ လူထောင်ပေါင်းများစွာဟာ မြေအောက်ခန်းတွေထဲမှာ အစားအစာမရှိ၊ ရေမရှိ၊ ဆေးဝါးမရှိ၊ လျှပ်စစ်မီးမရှိ နေနေရတာပါ။ အများစုက ထွက်ပြေးနိုင်စွမ်း မရှိတော့ပါဘူး။ 

ယူကရိန်းသမ္မတဇလန်းစကီးကလည်း  မာရီယူပိုးရ်မြို့ဟာ ဘာမှ ကုန်းကောက်စရာမရှိတော့ဘူးလို့ ပြောပါတယ်။ 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းအမျိုးသားရေး ဝါဒီတွေကြောင့် မာရီယူပိုးရ်မြို့မှာ လူသားဆိုင်ရာ ကပ်ဘေးကြုံရတယ်လို့ စွပ်စွဲပြီး ဝါဒဖြန့်ပါတယ်။ 

6 months Ago
More News
Up