အစားမထိုး

A d v e r t i s e m e n t With Us

December 21, 2019

မန်စီးတီးတွင် နည်းပြသစ်အစားမထိုးဟု ဂွါဒီယိုလာပြော

လက်ထောက်နည်းပြ အာတီတာ အာဆင်နယ်ကို ပြောင်းရွှေ့သွားပေမယ့် သူ့နေရာမှာ နည်းပြသစ် အစားထိုးမှာ မဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ မန်စီးတီးလက်ထောက်နည်းပြ အာတီတာဟာ အာဆင်နယ်နည်းပြချုပ်အဖြစ် ၃ နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။  အာတီတာဟာ အာဆင်နယ်အသင်းမှာ ၅ နှစ်ကြာ ကစားခဲ့ပြီး ၂၀၁၆ ခုနှစ်က မန်စီးတီး နည်းပြ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ပြောင်းလဲတာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အာတီတာရဲ့နေရာမှာ  နည်းပြတဦး ခေါ်ယူမှာမဟုတ်တာကြောင့် လက်ထောက်နည်းပြတဦးဖြစ်သူ ရိုဒေါ်ဖိုဘောလ်ရီယယ်က အာတီတာရဲ့ တာဝန်တွေကို ပူးတွဲလုပ်ဆောင်သွားရမှာပါ။  အသက် ၃၇ နှစ်ရှိ စပိန်ကစားသမား အာတီတာဟာ မန်စီးတီးအသင်းမှာ ၁၈ လကြာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး အာဆင်နယ်အသင်းမှာတော့ သူ့ရဲ့ ဘဝပထမဆုံးအကြိမ်အဖြစ် နည်းပြချုပ် ရာထူးခန့်အပ်ခံရတာ ဖြစ်ပါတယ်။  အာတီတာအနေနဲ့ အာဆင်နယ်မှာ အောင်မြင်နိုင်ကြောင်းလည်း ဂွါဒီယိုလာက သုံးသပ်ပြောပါတယ်။
1 year Ago
Up