အစားထိုးရန်ခက်

February 28, 2020

အူဘာမီယန်းနေရာ အစားထိုးရန်ခက်၊ အသင်းတွင် ဆက်ထိန်းထားမည်ဟု အာတီတာပြော

တိုက်စစ်မှူး အူဘာမီယန်းရဲ့နေရာမှာ အစားထိုးဖို့ အလွန်ခက်လိမ့်မယ်လို့ အာဆင်နယ်နည်းပြ အာတီတာ က ပြောလိုက်ပါတယ်။  တိုက်စစ်မှူး အူဘာမီယန်းဟာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး သွင်းယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၇ ဂိုးရှိသွားပြီး လက်စတာတိုက်စစ်မှူး ဗာဒီနဲ့အတူ ဂိုးသွင်း အများဆုံးစာရင်းမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။ အူဘာမီယန်းဟာ အာဆင်နယ်နဲ့ နောက်ထပ်တနှစ် သက်တမ်းသာ ကျန်ရှိတော့တာဖြစ်ပြီး ဘာစီလိုနာအသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။  နည်းပြ အာတီတာကတော့ အူဘာမီယန်းရဲ့နေရာကို အစားထိုးနိုင်မယ့် ကစားသမားက အလွန်ခက်ခဲပြီး သူ့ကို အသင်းမှာဆက်ထိန်းမှာဖြစ်သလို တကူးတက ဖြေရှင်းစရာလည်း မလိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။  ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းဟာ  ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၂၂ ဂိုး ရခဲ့ပြီး လီဗာပူး တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာ၊မာနေးတို့နဲ့အတူ ပူးတွဲဂိုးသွင်းအများဆုံးဆု ရရှိခဲ့ပါတယ်။
1 year Ago
Up