မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
အစားထိုးကုန်စည်များ
Home
အစားထိုးကုန်စည်များ
February 10, 2020
1.3K
ပုသိမ်မြို့က စဉ့်အိုးလုပ်ငန်း အစားထိုးကုန်စည်များကြောင့် ပျောက်ကွယ်တော့မည်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မိရိုးဖလာ စဉ့်အိုးလုပ်ငန်းဟာ တရုတ်နိုင်ငံက အများဆုံး ဝင်ရောက်လာတဲ့ အစားထိုးထုတ်ကုန်တွေကြောင့် တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး အခြေအနေကို ရောက်ရှိလာတော့မယ်လို့ စဉ့်အိုးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
မိရိုးဖလာ မြန်မာ့လက်မှုပညာဖြစ်တဲ့ စဉ့်အိုးလုပ်ငန်းဟာ စျေးကွက် တဖြည်းဖြည်း ပျောက်ဆုံးလာသလို အိုးလုပ်သူတွေကို အခကြေးငွေများများ မပေးနိုင်တော့တဲ့ အခြေအနေမှာ ပညာရှင် အိုးလုပ်သားတွေလည်း လျော့နည်းလာတာကြောင့် စဉ့်အိုးလုပ်ငန်း ပျောက်ကွယ်တော့မယ်လို့ စဉ့်လုပ်ငန်း လုပ်ကိုင်ရောင်းဝယ်သူ မြို့ခံ ဦးထွန်းရီက ဒီဗွီဘီကို ပြောပါတယ်။
“စဉ့်အိုးတွေက လုံးလုံးကို အရောင်းအဝယ် မရှိတော့ဘူး၊ စဉ့်အိုးလုပ်တတ်တဲ့ ပညာရှင်ကလည်း ပုသိမ်မြို့မှာ တယောက်ပဲ ရှိတော့တယ်။ အခု စဉ့်ထည်ပစ္စည်းနဲ့ ပတ်သက်ပြီး အရောင်းအဝယ်ဖြစ်နေတာက စဉ့်ငရုတ်ဆုံ၊ စဉ့်အင်တုံ၊ ပန်းအိုးလောက်ပဲ ရှိတော့တယ်။ ရောင်းအားအကောင်းဆုံး စဉ့်ငရုတ်ဆုံကတော့ အစားထိုးမရှိဘူး၊ ရှိလည်း မကြိုက်ကြဘူး။ ကျောက်ငရုတ်ဆုံ၊ သံငရုတ်ဆုံတွေကို အသုံးနည်းကြတယ်၊ ဒီပစ္စည်းလေးတွေ အရောင်းအဝယ်ဖြစ်နေသေးလို့ ပုသိမ်မြို့က စဉ့်လုပ်ငန်းက လုံးလုံး မပျောက်ကွယ်သေးတာ။”
အစားထိုးပစ္စည်းတွေ ဝင်ရောက်လာတာကြောင့် ပုသိမ်မြို့က စဉ့်အိုးလုပ်ငန်း လုပ်ကိုင်သူတွေဟာ စျေးကွက်ပျောက်ဆုံးလာပြီး နောက်ဆုံး ဝယ်ယူမှုမရှိတော့တဲ့အထိ စျေးကွက် ပျောက်ဆုံးလာတဲ့အတွက် အရင်က စဉ့်အိုးဖို ၄၀ ကျော်လုပ်ကိုင်ခဲ့ရာမှ အခုအခါ စဉ့်အိုးဖို့ ပုသိမ်တမြို့လုံး ၅ ဖိုလောက်သာ ရှိတော့တယ်လို့ မြို့ခံ စဉ့်အိုးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
“အရင် ဘိုးဘွားအစဉ်ဆက်က လုပ်လာတာ ဒီလုပ်ငန်းက အကြီးဆုံး ၄၀ ဝင်အိုးကနေ စလုပ်တယ် ၂၅ သားဝင်အိုးအထိ၊ အခုတော့ မလုပ်ရတော့ပါဘူး။ လုပ်တဲ့သူတွေလည်း မရှိတော့ဘူး၊ မိရိုးဖလာကို ထိန်းသိမ်းပြီးတော့ ငရုတ်ဆုံလောက်ပဲ လုပ်တော့တယ်။ စဉ့်အိုးစျေးကွက်ကလည်း မရှိတော့ဘူး၊ အစားထိုး ကုန်ပစ္စည်းတွေ ဝင်လာတော့ ဝယ်သုံးတဲ့သူ မရှိတော့ဘူး” လို့ ပုသိမ်မြို့ခံစဉ့်အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ချိုသဲက ပြောပါတယ်။
နိုင်ငံတော်က စဉ့်လုပ်ငန်း မပျောက်ကွယ်သွားဖို ငွေကြေး ကူညီပံ့ပိုးပေးမယ် ပြောထားပေမယ့် အဓိကလိုအပ်နေတာက ငွေကြေးထောက်ပံ့မှုထက် ဈေးကွက်ပျောက်သွားလို့ ပညာရှင်တွေ မရှိတော့ဘူးလို့ ဦးထွန်းရီက ပြောပါတယ်။
“မျိုးဆက်သစ်လုပ်သား ရှားလာတယ်၊ လုပ်ငန်းရှင်တွေကလည်း ရောင်းအားမကောင်းတော့ လုပ်ခကို တိုးမပေးနိုင်ဘူး၊ လုပ်ခနည်းတော့ ဒီအလုပ်ကို မလုပ်ကြတော့ဘူး။ ခုလုပ်နေကြတဲ့ လေး ငါးဦးကလည်း မိရိုးဖလာ လုပ်ခဲ့ကြသူတွေပဲ ကျန်တော့တာ။ ဒီတိုင်း ဆက်သွားရင် မကြာခင်မှာ ပုသိမ်စဉ့်လုပ်ငန်း လုံးလုံး ပျောက်ကွယ်တော့မှာ။”
အရင်က ပုသိမ်မြို့က ထုတ်လုပ်တဲ့ စဉ့်အိုးတွေကို ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအတွင်းက ၂၆ မြို့နယ်ကို တွင်တွင်ကျယ်ကျယ် ရောင်းချကြပါတယ်။
အခုအချိန်မှာတော့ ပလတ်စတစ် အစားထိုးပစ္စည်းတွေကို ဝယ်ယူသုံးစွဲမှု များပြားလာတာကြောင့် စဉ့်အိုးဈေးကွက်ပျက်ခဲ့ပြီး မျိုးဆက်သစ် စဉ့်အိုးပညာရှင်တွေ မွေးမြူ နိုင်မှု မရှိတော့တာကြောင့် စဉ့်အိုးလုပ်ငန်း ပျောက်ကွယ်သွားတာ ဖြစ်ပါတယ်။
မင်းထက်မုန်း (ပုသိမ်)
1 year Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up