အစာအိမ် ရောဂါမျိုးစုံအတွက် ဆေးဒုံးကျည်တောင့် (ရုပ်သံ)

A d v e r t i s e m e n t With Us

October 11, 2015

အစာအိမ် ရောဂါမျိုးစုံအတွက် ဆေးဒုံးကျည်တောင့် (ရုပ်သံ)

ဒါကတော့  လူသားတွေရဲ့ ရှုပ်ထွေးတဲ့ အူလမ်းကြောင်းတခုကို တုပဖို့ ဒီဇိုင်းထွင်ထားတဲ့ စမ်းသပ်မှုတခု ဖြစ်ပါတယ်။ ပါဒူးတက္ကသိုလ်မှာ တီထွင်ပြီး အီလက်ထရောနစ် နည်းပညာတွေနဲ့ ဆေးဝါးတွေ ပါဝင်တဲ့ ဆေးတောင့်ဟာ အစာခြေအဖွဲ့အစည်းဆီကို ဦးတည်သွားတော့မှာပါ။ ဒီဆေးတောင့်ဟာ တော်ပီဒိုတစင်းကို ပစ်လွှတ်ရာမှာသုံးတဲ့ အခြေခံသဘောတရားအတိုင်း အလုပ်လုပ်မှာဖြစ်ကြောင်း ဆေးတောင့်တီထွင်သူတွေက ဆိုပါတယ်။ 'ဆေးတောင်မှာ သံလိုက်ခလုတ်တခုပါတယ်။ အပြင်ဘက်ကနေ တပ်ဆင်လို့လည်း ရသလို ခန္ဓာကိုယ်ထဲကို ထည့်သွင်းလို့ရတဲ့ သံလိုက် marker တခုရှိမယ်။ အဲဒီ marker နဲ့ ခလုတ်နီးလာပြီဆိုတာနဲ့ ကိုယ်ပစ်လွှတ်ချင်တဲ့နေရာမှာ ခလုတ်ကို ဖွင့်ပေးလိုက်မယ်။ ခလုတ်ဖွင့်လိုက်တာနဲ့ လျှပ်သိုထဲကနေ လျှပ်စီးတွေကို စီးဆင်းသွားမယ်။ ဖျုစ်လည်း ပြတ်ထွက်သွားမယ်။' ဒီ့အတွက် ဆေးတောင့်ကွဲထွက်သွားပြီး အထဲမှာပါလာတဲ့ ဆေးဝါးတွေကို ထုတ်လွှတ်ပေးမှာပါ။ ပိုပြီးအရေးကြီးတာကတော့ အက်ဆစ်ဓာတ် အလွန်ပြင်းတဲ့ အစာအိမ်နဲ့ ပေ ၂၀ ရှည်တဲ့ အူသိမ်တလျှောက် ၈ နာရီကြာ ခရီးနှင်လာရတဲ့ ဆေးတောင့်ထဲက ဆေးတွေကို ပစ်လွှတ်ရတာ ဖြစ်တာမို့ ဆေးဒုံးကျည်တောင့်ကို အူလမ်းကြောင်းထဲ သေချာရောက်အောင် ပို့ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ပစ်မှတ်အရောက်ပို့ ပို့ဆောင်ရေးစနစ်ဟာ ကမ္ဘာတ၀ှမ်းက လူသား ၂၀ ရာခိုင်နှုန်းကို ကူးစက်နေတဲ့ ပိုးဝင်ရောင်ရမ်းခြင်း၊ အစာအိမ်ရောင်ခြင်း၊ ၀မ်းပျက်ဝမ်းလျှောနဲ့ ၀မ်းချုပ်ရောဂါ အစရှိတဲ့ အစာအိမ်ရောဂါမျိုးစုံအတွက် တိုးတက်ကောင်းမွန်တဲ့ ကုသမှုတခု ဖြစ်နိုင်ပါတယ်။
5 years Ago
Up