တောင်ကိုရိးယားမှာ ကိုဗစ်တတိယလှိုင်း ကူးစက်မှု အစုငယ်တွေ ပေါ်ထွက်လာတာမို့ သတိဝီရီယရှိကြဖို့ အစိုးရက ဒီဇင်ဘာ ၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
မြို့တော် ဆိုးလ်မှာ ကူးစက်မှုအသစ်တွေ ဗဟိုပြုပေါ်ပေါက်ပြီး ၉ လ နီးပါး ကူးစက်မှု မြင့်တက်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၅ ရက်မှာ အသစ်ကူးစက်သူ ၅၈၃ ယောက် ရှိပြီး ဒါဟာ ဒီဇင်ဘာ ၄ ရက်ကူးစက်သူ ၆၂၉ ယောက်ထက် ကျဆင်းခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေး နဲ့ ကြိုတင် ကာကွယ်ရေးအေဂျင်စီ (KDCA)က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၄ ရက် ကူးစက်သူ အရေအတွက်ဟာ ပထမလှိုင်းစတဲ့ ဖေဖော်ဝါရီနဲ့ မတ်လ အစောပိုင်း နောက်ပိုင်းအမြင့်ဆုံးဖြစ်ပါတယ်။
တတိယလှိုင်းကူးစက်မှုဟာ အများပြားကူးစက်တဲ့ ပထမလှိုင်း နှစ်ခုနဲ့ ကွာခြားတယ်လို့ KDCA တာဝန်ရှိသူ လင်မ်က ဆိုပါတယ်။
"လက်ရှိလှိုင်းဟာ သီးခြားလူအုပ်စု၊ သီးခြားနေရာမှာ ကူးစက်တာမဟုတ်ဘဲ ကိုယ့်ရဲ့ နေအိမ်၊ မိသားစုနဲ့ အသိမိတ်တွေဆီမှာ ကူးစက်နိုင်တယ်ဆိုတာ မှတ်ထားပါ" လို့ လင်မ်က ပြောဆိုခဲ့ပါတယ်။
4 months Ago