အစည်းအဝေ

May 22, 2020

တရုတ်အမျိုးသားကော်မတီ နှစ်ပတ်လည်အစည်းအဝေးများ ကျင်းပ

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့  နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ရဲ့   အမျိုးသားကော်မတီ နှစ်ပတ်လည်အစည်းဝေးတွေကို မြို့တော်ပေကျင်း ပြည်သူ့ခန်းမဆောင်မှာ  မေ ၂၁ ရက်က  စတင်ခဲ့ပါတယ်။ ကွန်ဖရင့်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တရုတ်ခေါင်းဆောင်တွေ တက်ရောက်ပြီး တက် ရောက်လာသူ အားလုံးက   COVID-19  ရောဂါကို တိုက်ဖျက်ရင်း သေဆုံးခဲ့တဲ့ အာဇာနည်တွေနဲ့ ကပ်ရောဂါအတွင်း သေဆုံးခဲ့တဲ့ နိုင်ငံသားတွေကို  ခေတ္တ ငြိမ်သက်  ဂုဏ်ပြုခဲ့ပါတယ်။  အဲဒီနောက် ကွန်ဖရင့်အစည်းဝေးမှာ တရုတ်နိုင်ငံအနေနဲ့ ပြည်သူ့ကျန်းမာရေးစနစ် ပိုမိုကောင်းမွန်အောင် ဆေးဘက်ပညာရေးနဲ့ သုတေသနလုပ်ငန်း အားကောင်းအောင်  ကြိုးပမ်းသင့်တယ်လို့ ဗွီဒီယိုလင့်ခ်ကတဆင့် ကော်မတီ အဖွဲ့ဝင် ပုဂ္ဂိုလ် ဝမ်ချန်က ပြောဆိုခဲ့ပါတယ်။   ဝမ်ချန်ဟာ  တရုတ်အင်ဂျင်နီယာကျောင်း ဒုဥက္ကဋ္ဌနဲ့  တရုတ်ဆေးသိပ္ပံ ဥက္ကဋ္ဌ ဖြစ်ပြီး  တရုတ်ပြည်သူ့ကျန်းမာရေးစနစ်  တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းနည်းကို  ရှုထောင့် ၃- ခုကနေ  အကြံပြုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
12 months Ago

February 13, 2020

နေတိုးအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး 

မြောက်အတ္တလန္တိတ်မဟာမိတ်နိုင်ငံများအဖွဲ့ (နေတိုး) အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ဖေဖော်ဝါရီ ၁၂ ရက်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ကျင်းပပါတယ်။ အိုင်အက်စ် စစ်သွေးကြွတိုက်ဖျက်ရေး အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်အတွက် ဝန်ထုပ်ဝန်ပိုး သက်သာစေရေး အီရတ်မှာရှိတဲ့ နေတိုးရဲ့ လေ့ကျင့်ရေးတာဝန်တွေကို တိုးမြှင့်ဖို့ စဉ်းစားနေကြတာပါ။  အီရတ်လုံခြုံရေးတပ်တွေရဲ့ အရည်အချင်းတိုးမြှင့်ဖို့ သင်တန်းပေးတာနဲ့ အတိုင်ပင်ခံ အကြံပေးတာတွေလို တိုက်ခိုက်ရေး မဟုတ်တဲ့ စစ်ဆင်ရေးတွေ နေတိုးနဲ့ ညွန့်ပေါင်းတပ်တွေမှာ ရှိပြီးသားပါ။  ဒါပေမယ့် အမေရိကန် ဒရုမ်းယာဉ် စစ်ဆင်ရေးအတွင်း အီရတ်မှာ ရောက်နေတဲ့ အီရန် ထိပ်တန်း ဗိုလ်ချုပ်ကြီးကို လုပ်ကြံခဲ့အပြီးမှာ ဒေသတွင်း တည်ငြိမ်ရေးအတွက် နေတိုးရဲ့ စစ်ဆင်ရေး ၂ရပ်စလုံးကို ဆိုင်ငံ့ထားပါတယ်။  အီရန်ဗိုလ်ချုပ်ကြီးကို လုပ်ကြံအပြီးမှာ အရှေ့အလယ်ပိုင်းဒေသတွင်း နေတိုးက ပိုပြီး အလုပ်လုပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးကို ဆော်သြခဲ့ပါတယ်။  ဒါပေမဲ့ ပိုအလုပ်လုပ်သင့်တာ ဘာလဲဆိုတဲ့ နောက်ဆက်တွဲ အသေးစိတ်အချက်ကို ထရမ့်က လူသိရှင်ကြား မပြောခဲ့ပါဘူး။  အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အဲ့စ်ပါ အပါအဝင် နေတိုးကာကွယ်ရေး ဝန်ကြီးတွေ ဟာ ၂ ရက်ကြာ အစည်းအဝေးအတွင်း တိုက်ခိုက်ရေး မဟုတ်တဲ့ စစ်ဆင်ရေးတွေအတွက် နည်းလမ်းတွေကို ဆွေးနွေးကြမယ်လို့ နေတိုးရဲ့အတွင်းရေးမှူးချုပ် ယန်းစတော့တန်ဘာ့ဂ်က အစည်းအဝေး မတိုင်ခင်မှာ သတင်းထောက်တွေကို ပြောထားပါတယ်။ 
1 year Ago
Up