အငှားယာဉ်ဝန်ဆောင်မှု

July 7, 2020

အငှားယာဉ်ဝန်ဆောင်မှု Uber က Postmates လုပ်ငန်းကို  ၂ ဒသမ ၆၅ ဘီလီယံဖြင့် ဝယ်မည်

အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်း အူဘာ (Uber) နည်းပညာက စားသောက်ကုန် သယ်ယူပို့ဆောင်ရေး ဈေးကွက်ဆီကို လက်တံဖြန့်ဖို့ ပို့စ်မိတ်စ် (Postmates) လုပ်ငန်းကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅ ဘီလီယံနဲ့ ဝယ်တော့မယ်လို့ ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။ အူဘာရဲ့ အရှုံးပေါ်နေတဲ့ စားသောက်ဆိုင်ထုတ်ကုန် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကနေ ဈေးကွက်ခေါင်းဆောင် ဒေါရ်ဒက်ရှ် (DoorDash) ထက် ခြေတလှမ်းသာရေး ကြိုးစားတဲ့အနေနဲ့ ဂရပ်ဘ်ဟက်ဘ် (GrubHub) လုပ်ငန်းကို ဝယ်ဖို့ အူဘာက ကြိုးစားခဲ့သေး တာပါ။ ဒါပေမဲ့ ဒေါရ်ဒက်ရှ်နဲ့ သဘောတူညီချက်ကနေ အူဘာက ပြန်နုတ်ထွက်အပြီး သီတင်းပတ်တွေအတွင်း ပို့စ်မိတ်ကို ဝယ်ဖို့ ကြိုးစားလိုက်တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် အသွားအလာ ကန့်သတ်တဲ့ လော့ဒေါင်း ချမှတ်ခဲ့တဲ့အတွက် ကမ္ဘာတလွှား အူဘာရဲ့ ဝန်ဆောင်မှုတွေ ဖိအား သက်ရောက်ခဲ့ပါတယ်။  အူဘာက ပို့စ်မိတ်အတွက် အာမခံကြေးအဖြစ် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံရဲ့ ၁၀ ရာခိုင်နှုန်းကို ပေးဖို့ပါ ကမ်းလှမ်းခဲ့ပါတယ်။  အဲဒီနောက် အူဘာရဲ့ ရှယ်ယာတန်ဖိုးဟာ နေ့စဉ် အရောင်းအဝယ် ဈေးကွက်မဖွင့်ခင် မနက် ၄ နာရီကနေ ၉ နာရီခွဲ ကြားမှာတင်ရှိနေတဲ့ တန်ဖိုးထက် ၉ ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။
1 year Ago
Up