အငှားယာဉ်မောင်း

May 7, 2020

အစိုးရထောက်ပံ့ငွေရရှိရေး ချီလီတက္ကစီအငှားယာဉ်မောင်းများ ဆန္ဒပြတောင်းဆို

ချီလီနိုင်ငံရဲ့ မြို့တော် စန်တီယာဂိုမှာ ဒါဇင်နဲ့ချီတဲ့ တက္ကစီ အငှားယာဉ်မောင်းတွေဟာ အစိုးရဆီက ဘဏ္ဍာရေး ထောက်ပံ့ငွေ ရဖို့ မေလ ၆ ရက်က တောင်းဆိုဆန္ဒပြခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး အသွားအလာ ကန့်သတ်တဲ့ လော့ဒေါင်း ချထားလို့ ဝင်ငွေထိခိုက်တဲ့အတွက် ခုလို တောင်းဆိုနေကြတာပါ။ ကျန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဝင်ငွေ သိသိသာသာ ကျဆင်းခဲ့ကြောင့် ကပ်ဘေး အကြပ်အတည််အတွင်း အစိုးရက ထောက်ပံ့မယ့် စီးပွားရေး အကူအညီတွေထဲမှာ သူတို့ကိုပါ ပေးဖို့ တက္ကစီသမားတွေက တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ စန်တီယေဂိုမြို့တွင်း အဓိက လမ်းတွေကို ပိတ်ဆို့ထားပြီး ဆန္ဒပြပွဲအတွင်း မီးသတ်ဆေးဘူးတွေကို သုံးခဲ့ကြပါတယ်။ ချီလီသမ္မတ စီဘတ်စီယံ ပစ်နေးရားက အငြိမ်းစား ဝန်ထမ်းတွေကို ကူညီဖို့ ၂၀၂၀ ဆောင်းရာသီ ဆုကြေးပေးမယ်၊ အဲဒီအတွက် အမေရိကန် ဒေါ်လာ ၈၇ ဘီလျံကို သုံးမယ်လို့ မေလ ၄ ရက်မှာ ကြေညာခဲ့ပါတယ်။
12 months Ago
Up