အငှားယာဉ်နှင့်ခရီးသည်များကို ဓားထောက်လုသည့်ဂိုဏ်းကို ဖမ်းမိ

February 9, 2017

အငှားယာဉ်နှင့်ခရီးသည်များကို ဓားထောက်လုသည့်ဂိုဏ်းကို ဖမ်းမိ

ရန်ကုန်မှာ အငှားယာဉ်နဲ့ ခရီးသည်တွေကို ဓားထောက်လုတဲ့ဂိုဏ်းကို ဖမ်းမိထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ငရဲ(ခ)ရဲမင်းအောင်၊ ဂန်ဘား(ခ)သီဟထွဋ်၊ ငဖြိုး(ခ)ဖြိုးသက်ပိုင်ဦး(ခ)ထွန်းမင်းလတ်၊ ပစ်ကြီး(စုံစမ်းဆဲ)နှင့် ဘိုဘို(ခ)ပိုင်စိုးထက်တို့ ၅ ဦးအဖွဲ့ဟာ အငှားယာဉ်တစီးနဲ့ သူတို့ကားကို ငှားစီးတဲ့ခရီးသည်တွေကို ဓားထောက်လုခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ ရွှေပြည်သာမြို့နယ်၊ ထန်းတပင်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တွေမှာ လှည့်လည်သွားလာပြီး သူတို့ မော်တော်ယာဉ်နဲ့  လိုက်ပါစီးနင်းလာကြတဲ့ ခရီးသည်များထံမှ CAM-21 Huawei ဖုန်း ၁ လုံး ၊ T-800-Teem ဖုန်း ၁ လုံး ၊ Huawei G-610 ဖုန်း ၁ လုံး၊ Huawei G 730 ဖုန်း ၁ လုံး၊ Huawei G 629 ဖုန်း ၁ လုံးနဲ့ အမျိုးအစား မမှတ်မိဖုန်း ၁ လုံး၊ ရွှေလက်စွပ်မောင်းကွင် ၂ ကွင်းတို့အား အသီးသီးလုယက်ယူဆောင်ခဲ့ ကြတယ်လို့ တိုင်းရဲသတင်းမှာ ဖော်ပြပါတယ်။ 16640902_1067329443396322_685060841157362323_n၂၀၁၆ ခုနှစ်၊ ဇွန်၊ ဇူလိုင်၊ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလတွေမှာ လုယက်ခဲ့ကြတာဖြစ်ပြီး ဖမ်းမိထားသူတွေကို မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၁၂၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်။
4 years Ago
Up