အငှားယာဉ်မောင်းကို လာဘ်ထိုးရန် ဖိအားပေးသည့် ထိုင်းရဲအရာရှိ ရုပ်သံထွက်ပေါ်

May 13, 2016

အငှားယာဉ်မောင်းကို လာဘ်ထိုးရန် ဖိအားပေးသည့် ထိုင်းရဲအရာရှိ ရုပ်သံထွက်ပေါ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ် လမ်းမတခုပေါ်မှာ လမ်းတာဝန်ကျ ရဲအရာရှိတဦးဟာ အငှားယာဉ်မောင်းတဦးကို ငွေပေးပြီး လာဘ်ထိုးဖို့ ဖိအားပေးခဲ့တဲ့ အဖြစ်အပျက်ကို ကားပေါ်ပါ ခရီးသည်အမျိုးသမီးက ရုပ်သံဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ဟာ မေလ ၁၁ ရက်နေ့မှာ ဖြစ်ခဲ့ပြီး ချပ်တ်လ်မ ထရက်ဒ်ရပ်ဒ် နက် အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ အမျိုးသမီးက အင်တာနက် စာမျက်နှာပေါ်မှာ တင်ခဲ့တာပါ။ သူဟာ အငှားယာဉ်ရဲ့ နောက်ခန်းမှာ ပါလာခဲ့တာဖြစ်ပြီး ရဲအရာရှိက အငှားယာဉ်မောင်းကို အပြစ်မရှိ အပြစ်ရှာပြီး သူ့ကို ငွေပေးဖို့ ဒါမှမဟုတ် ဖြတ်ပိုင်းစာရွက်တခုခု ပြသဖို့ ဖိအားပေးစေခိုင်းခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် အမျိုးသမီးက သူ့ရဲ့ လက်ကိုင်ဖုန်းမှတဆင့် ဗွီဒီယိုရိုက်ကူးနေတာကို သိသွားချိန်မှာတော့ ရဲအရာရှိက သူ့ဆီကဖုန်းကို ပေးပြဖို့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပြောဆိုခဲ့တာပါ။ အငှားယာဉ်မောင်းအမျိုးသားနဲ့ ခရီးသည်အမျိုးသမီးတို့က အဆိုပါရဲဟာ အခွန်ထမ်းပြည်သူတွေဖြစ်တဲ့ သူတို့ဆီက ပိုက်ဆံ ဘတ်ငွေ ၁၀၀ ကို လိုချင်ခဲ့တာလို့ ပြောပါတယ်။
6 years Ago
Up