အငြိမ်းစားဗိုလ်မှူးကြီ

September 26, 2020

မာလီ ကြားဖြတ်သမ္မတအဖြစ် အငြိမ်းစားဗိုလ်မှူးကြီး ဒူဘလူဗီ ကျမ်းသစ္စာကျိန်ဆို

မာလီ ကြားဖြတ်သမ္မတအဖြစ် အငြိမ်းစားဗိုလ်မှူးကြီး ဘန်နီရယ်ဒူဘလူဗီဟာ  စက်တင်ဘာ ၂၅ ရက်မှာ ကျမ်းသစ္စာဆိုခဲ့ပါတယ်။  မာလီနိုင်ငံမှာ ပြီးခဲ့တဲ့လက စစ်တပ် အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကြာ အသွင်ကူးပြောင်းရေး အစိုးရကို သူက ဦးဆောင်သွားမှာပါ။  အသက် ၇၀ အရွယ် ဒူဘလူဗီဟာ ၂၀၁၄ ခုနှစ်က ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့သလို လေတပ်အကြီးအကဲလည်း ဖြစ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီး အက်ဆမ်မီဂိုအီတာကတော့ ဒုသမ္မတ အဖြစ် ကျမ်းသစ္စာဆိုခဲ့ပါတယ်။ ဒီရာထူးလက်ခံပွဲဟာ မာလီနိုင်ငံအပေါ် (ECOWAS) အဖွဲ့က ပြုလုပ်ထားတဲ့  ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းစေလိမ့်မယ်လို့ မာလီ တာဝန်ရှိသူတွေက မျှော်လင့်ကြပါတယ်။  ဒေသတွင်း နိုင်ငံ့အကြီးအကဲတွေကတော့ မာလီအစိုးရ ရာထူးလက်ခံပွဲဟာ အရပ်သား အုပ်ချုပ်ရေးကိုသွားမယ့် ပထမခြေလှမ်းတရပ်လို့ မျှော်လင့်ကြပါတယ်။   လုပ်ဖော်ကိုင်ဖက်ဟောင်းတွေက စည်းကမ်းကြီးသူတစ်ဦးလို့ ပြောကြတဲ့ ကြားဖြတ်သမ္မတ ဒူဘလူဗီက အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ပြီး အရပ်သားတွေအပေါ် စစ်သားတွေ ကျူးလွန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ချေမှုန်းသွားမယ်လို့ မိန့်ခွန်းထဲမှာ ပြောပါတယ်။
8 months Ago
Up