အငြင်းပွား ပင်လယ်နယ်နိမိတ်

October 28, 2020

အငြင်းပွား ပင်လယ်နယ်နိမိတ်အရေး အစ္စရေးနှင့် လက်ဘနွန် ဆွေးနွေး

အငြင်းပွား ပင်လယ်နယ်နိမိတ်နဲ့ပတ်သက်လို့ အစ္စရေးနဲ့ လက်ဘနွန်အကြား အောက်တိုဘာ ၂၈ ရက်က ဒုတိယအကြိမ် ဆွေးနွေးပွဲစတင်ခဲ့ပါတယ်။ ကာလရှည် ရန်သူတော်တွေဖြစ်ခဲ့တဲ့ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးစခန်းမှာ အစည်းအဝေးကို ပြန်စခဲ့တယ်လို့ အစ္စရေး စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။   အငြင်းပွား ပင်လယ်နယ်နိမိတ်ရှိ သဘာဝသယံဇာတတွေ ထုတ်ယူသုံးစွဲနိုင်စေမယ့် နှစ်နိုင်ငံ ရေကြောင်းနယ်နိမိတ် သတ်မှတ်ရာမှာ သဘောတူညီချက်ရစေဖို့ ဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အစ္စရေးနဲ့ လက်ဘနွန် နှစ်ဘက် ကိုယ်စားလှယ်တွေဟာ အောက်တိုဘာလ ၁၄ ရက်ကလည်း ပထမအကြိမ် ဆွေးနွေးပွဲ လုပ်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
1 year Ago
Up