တူနီးရှားအသင်းနဲ့ မာလီအသင်းတို့ရဲ့ အာဖရိကဖလားပွဲစဉ်မှာ ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ဟာ တချိန်က လုပ်ပွဲသံသယနဲ့ ပွဲပယ်ချမှတ်ခံရဖူးသူဖြစ်နေပါတယ်။
ကွင်းလယ်ဒိုင် ဂျန်နီဆီကတ်ဝီဟာ တူနီးရှားနဲ့ မာလီပွဲစဉ်မှာ ပွဲသိမ်းခရာ ၂ ကြိမ်မှုတ်ပြီး ပွဲပြီးဆုံးစေခဲ့လို့ အငြင်ပွားဖွယ်ရာဖြစ်ခဲ့ပါတယ်။
သူဟာ ပွဲချိန် ၈၅ မိနစ်မှာ ပွဲသိမ်းခရာမူတ်ပြီး ပွဲကိုရပ်တန့်ခဲ့သလို မိနစ် ၉၀ မပြည့်ခင်မှာ နောက်တစ်ကြိမ် ပွဲသိမ်းခရာမှုတ်ပြီး ပွဲကိုပြီးဆုံးစေခဲ့တာပါ။
မာလီတိုက်စစ်မှူး တိုရေးကို အနီကတ် ပြသရာမှာ VAR နဲ့ပြန်လည်စစ်ဆေးခြင်းမရှိခဲ့သလို နာကျင်အချိန်ပိုလည်း သတ်မှတ်ပေးခြင်းမရှိခဲ့တာပါ။
အဲဒီပွဲမှာ မာလီက ပင်နယ်တီသွင်းဂိုးနဲ့ တူနီးရှားကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။ နာကျင်အချိန်ပိုသတ်မှတ်ပေးခြင်းမရှိဘဲ ၈၉ မိနစ်နဲ့ စက္ကန့် ၄၀ နဲ့ ပွဲပြီးဆုံးစေခဲ့တဲ့အပေါ် တူနီးရှား နည်းပြက အပြင်းအထန်ကန့်ကွက်ခဲ့လို့ ကွင်းထဲကနေ လုံခြုံရေးတွေနဲ့ ထွက်ခွာခဲ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာ ၃ မိနစ်ပြန်ကစားဖို့ သတ်မှတ်ပြီး ၂ သင်းစလုံးကို ကွင်းထဲပြန်ခေါ်ခဲ့ပေမယ့် တူနီးရှားအသင်းက ဆက်လက်ကစားခြင်း မပြုတော့တာကြောင့် မူလရလဒ်အတိုင်းပဲ သတ်မှတ်ခဲ့ပါတယ်။
ဇမ်ဘီယာကွင်းလယ်ဒိုင် ဂျန်နီဟာ ၂၀၁၈ ခုနှစ်က အာဖရိက ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုမှာ မသမာမှု လုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပွဲပယ်ပြစ်ချမှတ်ခံရဖူးပါတယ်။ အဲဒီနောက် ၂ လအကြာမှာပဲ ဖီဖာက ပြန်လည်ဖြေလျှော့ပေးခဲ့တာဖြစ်ပါတယ်။