အင်္ဂါဂြိုဟ်

July 31, 2020

သက်ရှိအထောက်အထားရှာဖွေရန် အင်္ဂါဂြိုဟ်ပေါ်သို့  ရိုဘော့ ပါသည့်ရဟတ်ယာဉ်ငယ်လွှတ်တင်

အင်္ဂါဂြိုဟ်ပေါ်မှာ အရင်က သက်ရှိတွေနေထိုင်ခဲ့တဲ့ အထောက်အထားကို ရှာဖွေဖို့  ရည်မှန်း ချက်ကြီးမားတဲ့ မစ်ရှင်တစ်ရပ်ကို နာဆာက ဇူလိုင်လ ၃၀ ရက်မှာ စေလွှတ်မှာပါ။    ဒီမစ်ရှင်မှာ   ၆ ဘီးတပ်ရိုဘော့  Perseverance ပါဝင်ပြီး ရဟတ်ယာဉ်ငယ် ဆင်းသက်မယ့် တာဝန်နဲ့အတူအနာဂတ်မှာ လူလိုက်ပါတဲ့ မစ်ရှင်တွေ စေလွှတ်ဖို့ ကိရိယာစမ်းသပ်မှုတွေကို  လုပ်သွားမှာပါ။   အမေရိကန် ဒေါ်လာ  ၂ ဒသမ  ၄ ဘီလီယံ ကုန်ကျတဲ့ ဒီမစ်ရှင်ဟာ အမေရိကန်အာကာသ အေဂျင်စီရဲ့ အင်္ဂါဂြိုဟ်ပေါ် နဝမ မြောက်စေလွှတ်မှုအဖြစ် စီစဉ်ထားပါတယ်။  ဒီလထဲမှာပဲ ယူအေအီးနဲ့တရုတ်နိုင်ငံတွေက  နည်းပညာစွမ်းပကားနဲ့ ရည်မှန်းချက်ကြီးမား တာကို ပြသပြီး  အင်္ဂါဂြိုဟ်စူးစမ်းရေး ဒုံးပျံတွေကို လွှတ်တင်ခဲ့ပါတယ်။  “ဒါဟာ သမိုင်းမှာ ပထမဆုံးအကြိမ်  တခြားကမ္ဘာတစ်ခုမှာ သက်ရှိကို ရှာဖွေမယ့် ထူးခြား မစ်ရှင်နဲ့အင်္ဂါဂြိုဟ်ကို သွားရောက်မှာ ဖြစ်တယ်”လို့လည်း နာဆာအုပ်ချုပ်ရေးမှူး ဂျင်မ်-ဘရိုင်ဒန်စ တိုင်းက ပြောပါတယ်။ 
1 year Ago

July 24, 2020

အင်္ဂါဂြိုဟ်စောင့်ကြည့်ရေးဒုံးပျံ တရုတ်လွှတ်တင်

တရုတ်နိုင်ငံရဲ့ပထမဆုံး အင်္ဂါဂြိုဟ်မစ်ရှင်ဒုံးပျံကို  ဇူလိုင်လ  ၂၃  ရက်က လွှတ်တင်လိုက်ပါ တယ်။  Long March 5  ဒုံးပျံကို  ဒေသစံတော်ချိန် ၁၂ နာရီ ၄၀ မှာ ဟိုင်နန်ပြည်နယ် ဝမ်ချန် အာကသစခန်းကနေ လွှတ်တင်ခဲ့တာပါ။  ဒုံးပျံပေါ်က အာကာသစူးစမ်းရေးယာဉ်အတွင်း  ၆ ဘီးတပ် ရိုဘော့  လိုက်ပါသွားခဲ့ပါတယ်။ ဒုံးပျံဟာ လာမယ့်ဖေဖော်ဝါရီလမှာ အင်္ဂါဂြိုဟ်ကို ပတ်နေတဲ့ဂြိုဟ်ပတ်လမ်းထဲ ရောက်ရှိမှာ ဖြစ်ပြီး  ရိုဗာရိုဘော့ကတော့ နောက်ထပ် နှစ်လ၊ သုံးလအထိ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ် ဆင်းမှာ မဟုတ်ဘူးလို့ သိရပါတယ်။  ဒီလိုအင်္ဂါဂြိုဟ်စောင့်ကြည့်တဲ့ဗျူဟာကို  ၁၉၇၀ ပြည့်နှစ်ဝန်းကျင်မှာ အမေရိကန် ဗိုက်ကင်း  ဂြိုဟ်ဆင်းယာဉ်တွေနဲ့ အောင်အောင်မြင်မြင် လုပ်ခဲ့ဖူးပါတယ်။  ဒီဗျူဟာက အန္တရာယ်များလှတဲ့ ဆင်းသက်မှု မလုပ်ခင် ဂြိုဟ်ပေါ်က လေထုအခြေအနေ တွေကို  အင်ဂျင်နီယာတွေ သိရှိအကဲဖြတ်ခွင့်ရမှာ ဖြစ်ပါတယ်။  ထျန်းဝမ်- ၁ဟာ  အာကာသထဲကို  ၁၁ ရက်ကြာ  စေလွှတ်မယ့် မစ်ရှင် ၃ ခု ထဲက တစ်ခု ဖြစ်ပါတယ်။   ဇူလိုင်လ ၂၀  ရက်ကပဲ  ယူအေအီးနိုင်ငံကလည်း   မျှော်လင့်ချက်လို့အမည်ရတဲ့  ဂြိုဟ်တု တစ်လုံးကို အင်္ဂါဂြိုဟ်ပေါ် လွှတ်တင်လိုက်ပါတယ်။   နောက်တစ်ပတ်အကြာမှာ အမေရိကန်အာကာသအေဂျင်စီ(နာဆာ)ကလည်း  Perseverance လို့ခေါ်တဲ့ ရိုဗာကို စေလွှတ်သွားမယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။ 
1 year Ago
More News
Up