အင်္ဂလိပ်စာသင်ကြားမှု

August 25, 2019

Grade-1 ကျောင်းသားများ အင်္ဂလိပ်စာသင်ကြားမှုအတွက် Application တခု 360 ံed လှူဒါန်း

Grade-1 ကျောင်းသားတွေ အင်္ဂလိပ်စာ သင်ကြားမှုမှာ အထောက်အကူဖြစ်စေဖို့ Application တစ်ခုကို 360 ံed ကနေပ ညာရေးဝန်ကြီးဌာနကို လှူဒါန်းလိုက်ပါတယ်။ အခြေခံပညာအဆင့်မှာ သင်ရိုးညွှန်းတမ်းအသစ်နဲ့ ပြောင်းလဲသင်ကြားနေတဲ့ Grade-1အ တန်းမှာ ကလေးငယ်တွေရဲ့ အင်္ဂလိပ်စာဘာသာရပ်သင်ကြားမှုကို အထောက်အကူဖြစ်စေဖို့အတွက် (AR) နည်းပညာတွေကို အသုံးပြုထားတဲ့ သင်ထောက်ကူ Grade-1 English Learning Application ကို 360 ံed ကနေ ပညာရေးဝန်ကြီးဌာနကို လှူဒါန်းလိုက်ပါတယ်။ Application လှူဒါန်းပွဲကိုတော့ သြဂုတ် ၂၅ ရက်နေ့က ရန်ကုန်မြို့ ပညာရေးတက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။  Grade-1 English Learning Application ဟာ အခြေခံပညာသင်ရိုးကို အခြေခံရေးဆွဲထားတာဖြစ်ပြီး မိုဘိုင်းဖုန်းတွေမှာ အလွယ်တကူရယူကာ အခမဲ့အသုံးပြုနိုင်ပါတယ်။ အဲဒီအပလီကေးရှင်းကို အသုံးပြုမယ်ဆိုရင် ကျေောင်းသား၊ကျောင်းသူတွေအနေနဲ့ မိမိတို့အင်္ဂလိပ်ဖတ်စာအုပ်မှာပါဝင်တဲ့ ရုပ်ပုံတွေကို ရုပ်အရှင်တွေအနေနဲ့တွေ့မြင်ပြီး အင်္ဂလိပ်အသံထွက်တွေကို မှန်မှန်ကန်ကန်ပြောဆိုလာနိုင်မယ်လို့ ပြောပါတယ်။ မြန်မာတနိုင်ငံလုံးက Grade-1 ကျောင်းသားတွေ အင်္ဂလိပ်စာဘာသာရပ်ကို တပြေးညီတည်း သင်ယူတတ်မြောက်စေဖိုနဲ့ အသံထွက်မှန်မှန်ပြောဆိုတတ်စေဖို့အတွက် Grade-1 English Learning Application ကို တီထွင်ကာ ပညာရေးဝန်ကြီးဌာနကို လှူဒါန်းတာလို့ 360 ံed တည်ထောင်သူ ဒေါ်လှလှဝင်းက ပြောပါတယ်။  တနိုင်ငံလုံးမှာ Grade-1 ကို တက်ရောက်သင်ကြားနေတဲ့ ကျောင်းသား ၁.၂ သန်းရှ်ပါတယ်။ Application လှူဒါန်းပွဲ အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အခြေခံပညာဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ကျောင်းသားတွေ တက်ရောက်ခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version Grade-1 ေက်ာင္းသားမ်ား အဂၤလိပ္စာသင္ၾကားမႈအတြက္ Application တခု 360 ံed လႉဒါန္း Grade-1 ေက်ာင္းသားေတြ အဂၤလိပ္စာ သင္ၾကားမႈမွာ အေထာက္အကူျဖစ္ေစဖို႔ Application တစ္ခုကို 360 ံed ကေနပ ညာေရးဝန္ႀကီးဌာနကို လႉဒါန္းလိုက္ပါတယ္။ အေျခခံပညာအဆင့္မွာ သင္႐ိုးၫႊန္းတမ္းအသစ္နဲ႔ ေျပာင္းလဲသင္ၾကားေနတဲ့ Grade-1အ တန္းမွာ ကေလးငယ္ေတြရဲ႕ အဂၤလိပ္စာဘာသာရပ္သင္ၾကားမႈကို အေထာက္အကူျဖစ္ေစဖို႔အတြက္ (AR) နည္းပညာေတြကို အသုံးျပဳထားတဲ့ သင္ေထာက္ကူ Grade-1 English Learning Application ကို 360 ံed ကေန ပညာေရးဝန္ႀကီးဌာနကို လႉဒါန္းလိုက္ပါတယ္။ Application လႉဒါန္းပြဲကိုေတာ့ ၾသဂုတ္ ၂၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ပညာေရးတကၠသိုလ္မွာ ျပဳလုပ္ခဲ့ပါတယ္။ Grade-1 English Learning Application ဟာ အေျခခံပညာသင္႐ိုးကို အေျခခံေရးဆြဲထားတာျဖစ္ၿပီး မိုဘိုင္းဖုန္းေတြမွာ အလြယ္တကူရယူကာ အခမဲ့အသုံးျပဳႏိုင္ပါတယ္။ အဲဒီအပလီေကးရွင္းကို အသုံးျပဳမယ္ဆိုရင္ ေက်ောင္းသား၊ေက်ာင္းသူေတြအေနနဲ႔ မိမိတို႔အဂၤလိပ္ဖတ္စာအုပ္မွာပါဝင္တဲ့ ႐ုပ္ပုံေတြကို ႐ုပ္အရွင္ေတြအေနနဲ႔ေတြ႕ျမင္ၿပီး အဂၤလိပ္အသံထြက္ေတြကို မွန္မွန္ကန္ကန္ေျပာဆိုလာႏိုင္မယ္လို႔ ေျပာပါတယ္။ ျမန္မာတႏိုင္ငံလုံးက Grade-1 ေက်ာင္းသားေတြ အဂၤလိပ္စာဘာသာရပ္ကို တေျပးညီတည္းသင္ယူတတ္ေျမာက္ေစဖိုနဲ႔ အသံထြက္မွန္မွန္ေျပာဆိုတတ္ေစဖို႔အတြက္ Grade-1 English Learning Application ကို တီထြင္ကာ ပညာေရးဝန္ႀကီးဌာနကို လႉဒါန္းတာလို႔ 360 ံed တည္ေထာင္သူ ေဒၚလွလွဝင္းက ေျပာပါတယ္။ တႏိုင္ငံလုံးမွာ Grade-1 ကို တက္ေရာက္သင္ၾကားေနတဲ့ ေက်ာင္းသား ၁.၂ သန္းရွ္ပါတယ္။ Application လႉဒါန္းပြဲ အခမ္းအနားကို ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ အေျခခံပညာဦးစီးဌာနက တာဝန္ရွိသူေတြနဲ႔ ေက်ာင္းသားေတြ တက္ေရာက္ခဲ့ပါတယ္။
2 years Ago
Up