အင်္ဂလန်အလယ်ပိုင်

November 9, 2019

အင်္ဂလန်အလယ်ပိုင်း မုန်တိုင်းဝင်၊ အမျိုးသမီးတဦး  ရေနစ်သေဆုံး

အင်္ဂလန်အလယ်ပိုင်းမှာ အားကောင်းတဲ့မုန်တိုင်း ဝင်ရောက်ပြီး မိုးကြီးခဲ့တာကြောင့်  နိုဝင်ဘာလ ၈ ရက်က နေအိမ်တွေနဲ့မော်တော်ယာဉ်တွေ ရေနစ်မြုပ်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒွန်ကတ်စတာမြို့အနီး ဒွန်မြစ်ဟာ အန္တရာယ်ရှိတဲ့ ရေမျက်နှာပြင်ကို ရောက်နေပြီး  အနီးဝန်းကျင်ဒေသ ၆ ခုက နေအိမ်တွေအဖို့ စိုးရိမ်ဖွယ်အကောင်းဆုံးအခြေအနေ ဖြစ်နေပါတယ်။ ဒါဘီရှိုင်းယားနယ် ဒါလေဒေးလ်မြို့ အနီးမှာ အမျိုးသမီးတဦး  ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာလည်း အဲဒီဒေသကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။  အင်္ဂလန်မြောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာ ပုံမှန် ၁ လတာ ရွာသွန်းတဲ့ မိုးရေဟာ ၂၄ နာရီအတွင်း ရွာခဲ့ပါတယ်။ ရေတွေ မြင့်တက်လာတဲ့အတွက် ရှပ်ဖီးလ်မြို့က ဈေးဝယ်စင်တာတခုမှာ ဒါဇင်ချီတဲ့လူတွေ  ညလုံးပေါက် ပိတ်မိခဲ့တဲ့အပြင် အနီးဝန်းကျင် ဈေးဝယ်စင်တာတခုက လူတရာခန့်ကိုလည်း မီးသတ်ဝန်ထမ်းတွေက လှေငယ်တွေနဲ့ လာရောက်ကယ်ဆယ်ခဲ့ရပါတယ်။
2 years Ago
Up