အင်္ဂလန်ဘောလုံးပြိုင်ပွဲ

March 20, 2020

ကိုရိုနာကူးစက်မှုတိုးလာ၍ အင်္ဂလန်ဘောလုံးပြိုင်ပွဲများ ဧပြီလကုန်အထိ ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ် ပျံ့နှံမှုတွေကြောင့် အင်္ဂလန်မှာရှိတဲ့ ဘောလုံးပြိုင်ပွဲတွေကို ဧပြီ ၃၀ မတိုင်ခင်အထိ ရွှေ့ဆိုင်းလိုက်တယ်လို့ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။   ပထမတုန်းက အင်္ဂလန်မှာရှိတဲ့ ပရီးမီးယားလိဂ်အပါအဝင် ဘောလုံးပြိုင်ပွဲတွေကို ဧပြီ ၄ နေ့မတိုင်ခင်အထိ ရွှေ့ဆိုင်းခဲ့တာပါ။  ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်က ကူးစက်ပျံ့နှံ့မှုက ဥရောပတခွင်မှာ တိုးပွားလာတာကြောင့် အခုလို ထပ်ပြီးရွှေဆိုင်းလိုက်တာပါ။ လက်ရှိ စည်းမျဉ်းတွေအရဆိုရင် အင်္ဂလန်မှာရှိတဲ့ ဘောလုံးပွဲတွေကို  ဇွန်လ ၁ ရက် အဆုံးသတ်ရမှာပါ။  ဒါပေမယ့် အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်ကတော့ လက်ရှိ ဘောလုံးရာသီကို ရွှေ့ဆိုင်းဖို့ကိုလည်း သဘောတူခဲ့ပါတယ်။ 
2 years Ago
Up