အင်္ဂလန်ပရီးမီးယားလိဂ်

May 14, 2020

ဘောလုံး မကစားချင်သေးသူများ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိဟု အားကစားအရာရှိချုပ် ပြော

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်တဲ့ အန္တရာယ်ကြောင့် ဘောလုံးမကစားချင်သေးတဲ့သူတွေအနေနဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်လို့ ဗြိတိန်အားကစားအရာရှိချုပ်က ပြောပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမယ့်ဇွန်လ ၁၂ ရက်မှာ စတင်နိုင်ဖို့အတွက် လေ့ကျင့်ခန်း အစီအစဉ်တွေကို မေ ၁၈ ရက်မှာ စတင်ဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး၊ နယူးကာဆယ် နောက်ခံလူ ဒယ်နီရို့စ်တို့လို ကစားသမားတွေကတော့ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကစားဖို့မသင့်သေးကြောင်း လူသိရှင်ကြား ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ ဗြိတိန်အားကစားအရာရှိချုပ်ဖြစ်သူ ဆယ်လီမန်ဒေးကတော့ ဘောလုံးသမားတွေတင် မဟုတ်ဘဲ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်လိုခြင်းမရှိတဲ့ တခြားအားကစားသမားတွေအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှု လုပ်နိုင်ကြောင်း  သတင်းထုတ်ပြန်ပါတယ်။  အားကစားနည်းတိုင်းက ကွဲပြားခြားနားမှုရှိပြီး ကစားသမား တဦးချင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခြေအနေတွေဟာလည်း တူညီမှာမဟုတ်ကြောင်း၊ လုံခြုံမှုရှိအောင် ပြန်လည်ကျင်းပမှာ ဖြစ်ပေမယ့် ကစာသမားတွေဘက်က ဆက်ကစားမလား၊ မကစားဘူးလားဆိုတာ ရွေးချယ်နိုင်ကြောင်း ဗြိတိန်အားကစားအရာရှိချုပ် ဆယ်လီမန်ဒေးက ပြောပါတယ်။
11 months Ago
Up