အင်္ဂလန်နိုင်ငံ

October 8, 2019

တိုက်စစ်မှူး မက်ဆီ အင်္ဂလန်နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်ပင်ခံရမည့် အ‌ခြေအနေရှိ

တိုက်စစ်မှူး မက်ဆီအနေနဲ့ အင်္ဂလန်ကလပ်တွေနဲ့ တွေ့ဆုံချိန် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အင်္ဂလန်နိုင်ငံတွင်း ဝင်ဖို့ ပြည်ဝင်ခွင့် ပိတ်ပင်ခံရမယ့် အ‌ခြေအနေမှာ ရှိနေပါတယ်။  မက်ဆီကို  အခွန်ရှောင်တဲ့ ပြဿနာကြောင့် စပိန်တရားရုံးကနေ ဆိုင်းငံ့ထောင်ဒဏ် ၂၁ လ ချမှတ်ထားခဲ့ပါတယ်။  အဲဒီ ဆိုင်းငံ့ထောင်ဒဏ်ဟာ မက်ဆီအတွက် ပြဿနာမဟုတ်ပေမယ့် ဗြိတိန်ဟာ အီးယူကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေတာက အဓိကပြဿနာဖြစ်လာဖို့ ရှိနေပါတယ်။  စပိန်နဲ့ အာဂျင်တီးနား ပတ်စ်ပို့ ၂ မျိုး ကိုင်ဆောင်ထားတဲ့ မက်ဆီဟာ အီးယူရဲ့ နိုင်ငံသားအဖြစ် သတ်မှတ်ခံထားရပါတယ်။ စည်းမျဉ်းတွေအရ အီးယူအဖွဲ့ဝင်နိုင်ငံတွင်းမှာ ပြစ်ချက်ရှိသူတဦးဟာ လွတ်လပ်စွာ သွားလာခွင့် ရနိုင်သေးပေမယ့် အီးယူအဖွဲ့ဝင်နိုင်ငံ မဟုတ်‌ရင်တော့ နိုင်ငံ‌ရဲ့လုံခြုံရေးအရ ပြည်ဝင်ခွင့် ပိတ်ရမယ့် အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။
2 years Ago
Up