အင်္ဂလန်နည်းပြ ဆောက်ဂိတ်

November 15, 2020

အင်္ဂလန်အသင်း ကမ္ဘာ့အကောင်းဆုံးဖြစ်ရန် ရည်ရွယ်ထားဟု နည်းပြဆောက်ဂိတ်ပြော

အင်္ဂလန်အသင်းကို ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။  အင်္ဂလန်အသင်းဟာ နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၂ နာရီ ၁၅ မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ဘရပ်ဆဲလ်မှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာပါ။  ဘယ်လ်ဂျီယံနဲ့ နောက်ဆုံး ၃ ပွဲ ထိပ်တိုက်တွေ့ဆုံရာမှာ ၃ ပွဲ စလုံးရူံးနိမ့်ခဲ့ပေမဲ့လည်း အင်္ဂလန်အသင်းမှာလည်း အကောင်းဆုံးကစားသမားတွေရှိတယ်လို့ နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။  ဘယ်လ်ဂျီယံအသင်းက ထိပ်တန်းအသင်းဆိုတာ သက်သေပြသခဲ့ပြီးသားဖြစ်ပေမယ့် အင်္ဂလန်အသင်းကလည်း အရည်အသွေးမြင့်လူငယ်တွေနဲ့ အတူ ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်ဖို့ ရည်ရွယ်ထားတဲ့ အသင်းဖြစ်တယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။  ဘယ်လ်ဂျီယံအသင်းကို ရှိန်နေမှာမဟုတ်ဘဲ ယုံကြည်မှုရှိရှိနဲ့ ယှဉ်ပြိုင်ကစားစေမှာဖြစ်ပြီး  အသင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားတွေရှိသလို ခံစစ်ပိုင်းကလည်း  နောက်ဆုံး ၉ ပွဲမှာဆိုရင် ၂ဂိုးပဲ ပေးခဲ့ရတယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။  အင်္ဂလန်အသင်းမှာ မက်ဂွိုင်းယား၊ ကိုအာဒီ၊ ဂျိုးဂိုမက်ဇ်နဲ့ ရီဆီ ဂျိမ်းစ်တို့ လွဲချော်မှာဖြစ်ပြီး တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကလည်း ပခုံးဒဏ်ရာကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။
5 months Ago
Up