အင်္ဂလန်ကစားသမား

June 22, 2021

ကိုဗစ်ပိုးရှိသူနှင့် ထိတွေ့ခဲ့သဖြင့် အင်္ဂလန်ကစားသမား ၂ ဦး သီးသန့်နေထိုင်ရ

အင်္ဂလန်ကစားသမား နှစ်ဦးဖြစ်တဲ့ မေဆန်မောင့်နဲ့ ဘင်ချီဝဲလ်တို့ဟာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူနဲ့ ထိတွေ့ခဲ့တာကြောင့် သီးသန့်နေထိုင်ခဲ့ရပါတယ်။

သူတို့နှစ်ဦးဟာ စကော့တလန်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲအပြီးမှာ ချဲလ်ဆီးအသင်းဖော် ကွင်းလယ်လူ ဂီလ်မောနဲ့ ဖက်လဲတကင်း နှုတ်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

စကော့တလန်ကွင်းလယ်လူ ဂီလ်မောမှာ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် သူနဲ့ နီးနီးကပ်ကပ် ထိတွေ့ခဲ့တဲ့ မေဆန်မောင့်နဲ့ ဘင်ချီဝဲလ်တို့ဟာ သီးသန့်နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ 

တနင်္လာနေ့က ကစားသမားတွေအားလုံးကို ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာတော့ မေဆန်မောင့်နဲ့ ဘင်ချီဝဲလ်တို့မှာ ပိုးတွေ့ခဲ့ခြင်းမရှိပေမဲ့ ချက်နဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်မှာတော့ ကိုဗစ် စည်းမျဉ်းစည်းကမ်းတချို့ကြောင့် ပါဝင်ကစားခွင့်ရဖွယ်မရှိဘူးလို့ သိရပါတယ်။ 

မေဆန်မောင့်ဟာ စကော့တလန်နဲ့ပွဲမှာ ပွဲချိန်ပြည့်ကစားခဲ့ပြီး ဘင်ချီဝဲလ်က အရန်ခုံမှာပဲ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

3 months Ago

June 9, 2020

ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမား ၅ ဦးတွင် အင်္ဂလန်ကစားသမား ၄ ဦး ပါဝင်

ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးသမား ၅ ဦးစာရင်းမှာ အင်္ဂလန်ကစားသမား ၄ ဦးအထိ ပါဝင်နေပါတယ်။  CIES ဘောလုံးအချက်အလက် လေ့လာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမားက ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေ ဖြစ်ပြီး တန်ကြေးပေါင် ၂၃၁ သန်း သတ်မှတ်ထားပါတယ်။  ထိပ်တန်း ၅ ဦးစာရင်းထဲမှာ အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ မန်စီးတီးက စတာလင်၊ ဒေါ့မန်က ဂျေဒန်ဆန်ချို၊ လီဗာပူးက အာနိုးလ်နဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့ ပါဝင်ခဲ့ပါတယ်။  စတာလင်က ပေါင် ၁၇၃ သန်း တန်ဖိုးသတ်မှတ်ခံရပြီး ဆန်ချိုက ၁၅၉ သန်း၊ အာနိုးလ်က ၁၅၂ သန်း၊ ရက်ရှ်ဖို့ဒ်က ၁၃၆ သန်း တန်ကြေး သတ်မှတ်ထားပါတယ်။  အဲဒီနောက် လီဗာပူးက ဆာလက်၊ မာနေးနဲ့ ဘာစီလိုနာက ဂရစ်မန်းတို့က အစဉ်လိုက်ရပ်တည်ပါတယ်။  ဘိုင်ယန်မြူးနစ်လူငယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်က ပေါင် ၁၁၉ သန်း တန်ကြေးသတ်မှတ်ခံခဲ့ရပြီး နံပါတ် ၉ နေရာမှာ ရပ်တည်ခဲ့ပါတယ်။  ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ပေါင် ၈၉ သန်းနဲ့ အဆင့် ၂၂ မှာသာ ရပ်တည်ခဲ့ပြီး ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုက  အဆင့် ၇၀ မှာ ရပ်တည်ခဲ့ပါတယ်။
1 year Ago
Up