အင်္ဂပူမြို့နယ်

A d v e r t i s e m e n t With Us

October 30, 2020

အင်္ဂပူမြို့နယ်တွင် ကြိုတင်မဲလက်မှတ်ကို ဘောပင်ဖြင့်အမှန်ခြစ်ခိုင်းမှုရှိနေ 

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကံဦးကျေးရွာအုပ်စုရှိ မဲရုံမှာ အသက် ၆၀ ကျော်အရွယ်မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးရာမှာ မဲလက်မှတ်ပေါ်ကို တံဆိပ်တုံးနဲ့ မနှိပ်ခိုင်းပဲ ဘောလ်ပင်နဲ့ခြစ်ခိုင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ​အင်္ဂပူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်အလုပ်အမှုဆောင် ဦးခင်ရွှေက "မနေ့ကရယ်၊ ဒီနေ့ရယ်ပေးထားတဲ့အထဲက  ၃၉ ဦးက ဒီနေ့ရုံးလာပြီး ပြောလို့သိရတယ်။ လက်ရှိအခြေအနေ မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို အကြောင်းကြားထားတယ်။ ဆန္ဒမဲရှင်တွေကတော့ ဒါမျိုးဖြစ်တာ့ သူတို့မဲတွေ ပယ်မဲဖြစ်မှာ  ရိမ်နေကြတာပေါ့” လို့ ပြောပါတယ်။  အင်္ဂပူမြို့နယ်က မဲရုံတွေမှာ မဲစာရင်းတွေမှားယွင်းနေလို့ ပြင်ဆင်တာတွေ၊ မဲစာရင်းမပါလို့ မြို့နယ်ကော်မရှင်ကို စာတင်အကြောင်းကြားရတွေလည်း ဖြစ်ပေါ်နေပါတယ်။ အင်္ဂပူမြို့နယ်အတွင်းမှာ ကြိုတင်မဲပေးခွင့်ရှိသူပေါင်း ၂၀,၂၈၀ ဦး ရှိပါတယ်။ အင်္ဂပူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက "ခုဖြစ်စဉ်ကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို စာတင်ထားတယ်။ လက်ရှိတော့ တစုံတရာ မညွှန်ကြားသေးပါဘူး" လို့ ပြောပါတယ်။ လတ်တလောမဲဆန္ဒရှင်တချို့ တံဆိပ်တုံးမနှိပ်ဘဲ ကြိုတင်မဲပေးမိတဲ့ နယ်မြေဟာ အင်္ဂပူမြို့နယ်အမှတ် ၁ မဲဆန္ဒနယ်ဖြစ်ပြီး ခုလက်ရှိ လွှတ်တော် ဥက္ကဋ္ဌ  ဦးအောင်ကျော်ခိုင်နဲ့ ယခင်ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်တို့ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ  မဲရုံမှာ မဲပေးတာ (သို့မဟုတ်) ရပ်ကွက်/ကျေးရွာအုပ်စုကြိုတင်မဲဆိုရင်  မဲပေးလိုတဲ့ ကိုယ်စားလှယ်လောင်းရဲ့ အမည်တည့်တည့် ဘေးဘက်ရှိ လေးထောင့်အကွက်ထဲမှာ အမှန်အမှတ်အသားပါသော UEC တံဆိပ်တုံးနဲ့ ရိုက်နှိပ်မဲပေးရမှာပါ။ မြို့နယ်ကြိုတင်မဲဆိုရင်တော့  မဲပေးလိုတဲ့ ကိုယ်စားလှယ်လောင်းရဲ့ အမည်တည့်တည့်ဘေးဘက်ရှိ လေးထောင့်အကွက်ထဲမှာ ဘောလ်ပင်နဲ့ အမှတ်အသား ✓ ခြစ်ပေး ပြီး မဲရေးရမှာဖြစ်တယ်လို့ မဲလက်မှတ်စာရွက်မှာ ရေးသားထားပါတယ်။
3 months Ago

October 13, 2020

အင်္ဂပူမြို့နယ်၌ အန်အယ်လ်ဒီ အောင်နိုင်ရေးသီချင်းဖွင့်သည့် လူငယ် ၁ ဦး ဝါးချွန်ဖြင့် အထိုးခံရ

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ဒေါ်ဖယ်ကွင်းကျေးရွာအုပ်စု၊ ယိုးဒယားကျေးရွာမှာ အောက်တိုဘာ ၁၂ ရက် ညပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အောင်နိုင်ရေးသီချင်းကို မိုဘိုင်းဖုန်းနဲ့ ဖွင့်တဲ့ လူငယ် ၁ ဦးကို ကြံ့ခိုင်ရေးပါတီ ရပ်ကျေးအဖွဲ့ဝင်က  ဝါးဦးချွန်နဲ့ထိုးမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ထူးကြီးနယ်မြေ ရဲစခန်းက သိရပါတယ်။ ​ယိုးဒယားရွာ​ နေမောင်ရှိုင်းထက်က "ကျနော်တို့ ညီအစ်ကိုနှစ်ယောက်က ရွာထဲကနေ ရွာထိပ်ကို လမ်းလျှောက်လာတယ်။ အထိုးခံရတဲ့ အစ်ကိုက အောင်နိုင်ရေးသီချင်းကို တယ်လီဖုန်းနဲ့ဖွင့်လာတယ်။ အဲမှာ ထိုးတဲ့သူနဲ့ လမ်းမှာတွေတော့ မင်းတို့ငါ့ကိုမခန့်တာ လားဆိုပြီး ရန်တွေ့တယ်။ သူ့မိန်းကဆွဲတော့ ပြန်လိုက်သွားတယ်။ ကျနော်တို့ကလည်း ရွာထိပ်ဆိုင်ကယ်ပြင်ဆိုင်ပေါ်မှာ ထိုင်နေတုန်း ဝါးဦးချွန်နဲ့ထိုးတဲ့သူက ပြန်လာပြီး အတင်းထိုး ထွက်ပြေးသွားတယ်။ အခု ကျနော် အစ်ကိုကတော့ ထူးကြီးဆေးရုံမှာ ဆေးကုနေရတယ်"လို့ ပြောပါတယ်။ အထိုးခံရတဲ့လူငယ်ဟာ အသက် (၁၈)နှစ် အရွယ်ရှိပြီး  လက်ဝဲပေါင်ထိပ်ဆီးခုံ ဘေးကို အထိုးခံရပြီး တစ်လက်မခွဲလောက်မြုပ်သွားပြီး  ထူးကြီးတိုက်နယ်ပြည်သူဆေးရုံမှာ ဆေးကုသမှုခံယူနေရကာ ဒဏ်ရာ  မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အင်္ဂပူမြို့နယ် ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူ တစ်ဦးက "ဟုတ်ပါတယ်။ ကိုတင့်လွင်ဦးပါ သူကရပ်ကျေးပါတီဝင်ပေါ့ဗျာ။ အခုတော့ သူရွာမှာမရှိဘူး သိရတယ်။ ဖြစ်စဉ် အသေးစိတ်တော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။ အင်္ဂပူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်စိုးကတော့ "ကလေးက အမျိုးသားဒီမိုကရေစီထောက်ခံသူပါ။ အခုလိုဖြစ်တော့ ဥပဒေကြောင်းအရ အရေးယူပေးဖို့ ထူးကြီးနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်"လို့ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပုဒ်မ  ၃၂၄ ချွန်ထက်သော လက်နက်နဲ့နာကျင်စေမှုနဲ့ ညတွင်းချင်း အမှုဖွင့်ထားပြီး တရားခံကတိမ်းရှောင်နေလို ဖမ်းဆီးမိရေး ဆောင်ရွက် နေတယ်လို့ ထူးကြီးနယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်စံသိန်းဦးက  ပြောပါတယ်။ သတင်း- သန်းထိုက်မြင့်
4 months Ago
More News
Up