စပိန်တင်းနစ်ကစားသမား ရာဖေးနာဒယ်ဟာ ပြင်သစ်အိုးပင်း ၂၀၁၉ ကို သူအနိုင်ရခဲ့စဉ်က ဝတ်ဆင်ခဲ့တဲ့ ရှပ်အင်္ကျီကို လေလံတင်ရောင်းချပြီး စပိန်ကြက်ခြေနီအသင်းအတွက် ရန်ပုံငွေလှူဒါန်းသွားမယ်လို့ ရိုက်တာသတင်းက ဧပြီ ၉ ရက်မှာ ရေးထားပါတယ်။
နာဒယ်ဟာ သူ့ရဲ့အင်စတာဂရမ်ဝက်ဘ်ဆိုက်စာမျက်နှာကနေ ဒီရှပ်အင်္ကျီကိုလေလံပစ်ပြီး ဈေး အမြင့်ဆုံးရရင် အကူအညီလိုနေတဲ့သူတွေကို ထောက်ပံ့ပေးမယ်လို့ ဗွီဒီယိုဖိုင်တင်ပြီး ပြောခဲ့ပါတယ်။
ကမ္ဘာ့အဆင့် နံပါတ်နှစ်နေရာမှာ ရှိနေတဲ့ နာဒယ်ဟာ ဒီနှစ်ထဲ ပြင်သစ်အိုးပင်းချန်ပီယံဘွဲ့ကို ၁၃ ကြိမ်မြောက် ဆွတ်ခူးဖို့ ရှိနေပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ပြိုင်ပွဲက မေလအတွင်း ကျင်းပဖို့ရှိနေရာကနေ စက်တင်ဘာလထဲ ရွှေ့ဆိုင်းထားခဲ့တာပါ။
စပိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ ၁၄၆,၆၉၀ နဲ့ သေဆုံးသူကလည်း ၁၄,၅၅၅ ဦးအထိ ရှိနေပြီလို့ ရိုက်တာ သတင်းက ရေးသားထားပါတယ်။
11 months Ago