အင်းလေးဖောင်တော်ဦး

October 6, 2019

ဒေါ်အောင်ဆန်းစုကြည် အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ် ၄ ဆူကို ဖူးမြော် 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၅ ရက်နေ့က အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ် ၄ ဆူအား ဖူးမြော်ကြည်ညိုပြီး အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲနဲ့ ဆုပေးပွဲအခမ်းအနားကို တက်ရောက် ဆုချီးမြှင့်ခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အောက်တိုဘာ ၅ ရက်နေ့ မနက်ပိုင်းက ညောင်ရွှေမြို့ရှိ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ ဆုပေးမဏ္ဍပ်ကို သွားရောက်ခဲ့ကာ ဘုရားကြို ယဉ်ကျေးမှုလှေယာဉ်တွေ လှေလှော်သံ ကဗျာတွေ တီးမှုတ်သီဆိုပြီး ဖောင်တော်ဦး မြတ်စွာဘုရားကို ပူဇော်တာ၊ အင်းသူ၊ အင်းသားတွေရဲ့ ရိုးရာဆွမ်းပို့လှေ သရုပ်ဖော် လှော်ခတ်ပြသတာနဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ကပြဖျော်ဖြေမှုတွေကို ကြည့်ရှုအားပေးခဲ့ပါတယ်။ ဒီနောက် ဖောင်တော်ဆိုက် ပြဿာဒ်ဆောင်မှာ အင်းလေးရိုးရာ ကရဝိက်ဖောင်တော်နဲ့ ညောင်ရွှေမြို့ ယာယီစံကျောင်းကို ဒေသစာရီ ကြွချီအပူဇော်ခံတော်မူတဲ့ အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ် ၄ ဆူအား ဖူးမြော်ကြည်ညိုကာ ရွှေသင်္ကန်းတွေ ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အမျိုးသားရာကျော် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲမှာ ပထဆု ရရှိတဲ့ ကေလာစိတ္တကျေးရွာအသင်းနဲ့ ဒုတိယဆုရရှိတဲ့ မြောင်းဝကြီးကျေးရွာအသင်းတို့ကို ဒိုင်းဆုနဲ့ ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
2 years Ago
Up