အင်းမြေတွင် ပုံစံ ၇ ထုတ်ပေးထားမှု အရေးယူပေးရန် ​​ရွှေကျင်​​ဒေသခံများ ဆန္ဒပြတောင်းဆို

January 23, 2020

အင်းမြေတွင် ပုံစံ ၇ ထုတ်ပေးထားမှု အရေးယူပေးရန် ​​ရွှေကျင်​​ဒေသခံများ ဆန္ဒပြတောင်းဆို

ပဲခူးတိုင်း၊ ရွှေကျင်မြို့မှာ အင်းမြေ​​ပေါ်မှာ ပုံစံ ၇ ထုတ်ပေးထားတာကို စုံစမ်းစစ်​ဆေးအရေးယူပေးဖို့ ဒေသခံ​တွေက ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ညောင်လေးပင်မြို့နယ်ရဲ့ စီမံခန့်ခွဲမှုအင်းတခုဖြစ်တဲ့အ​ပြင် တင်ဒါအင်းတခု ဖြစ်တဲ့ အင်းပလွဲကရင်စုအင်းရဲ့ (N) မြေအမျိုးအစား​​မြေကို ရွှေကျင်မြို့မြေစာရင်းဦးစီးဌာနက ပုံစံ ၇ ထုတ်ပေးထားတာကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့နဲ့ ပုံစံ ၇ ကို ပြန်လည်ဖျက်သိမ်း​ပေးဖို့ ဆန္ဒပြတောင်းဆိုရတာလို့ ဆန္ဒပြရာမှာ ပါဝင်သူ ဦးညိမ်းအောင်က ပြောပါတယ်။ အရင်က ဒီ​မြေကို ပုံစံ ၇ ထုတ်ပေးဖို့ ​ညောင်လေးပင်​ မြို့နယ်မြေစာရင်းဌာနကို သွားရောက်လျှောက်ထားဘူးပေမယ့် ညောင်လေးပင်မြို့နယ်​မြေစာရင်းဌာနက အင်း​​မြေဖြစ်နေတာ ​ကြောင့် ထုတ်ပေးလို့ မရကြောင်း ပြောခဲ့ပေမယ့် လက်ရှိမှာ ​ရွှေကျင်မြို့​မြေစာရင်းဌာနက ပုံစံ ၇ ကို ဘာ​ကြောင့်ထုတ်ပေးလိုက်လဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးမြင့်ဝင်းက ​ပြောပါတယ်။ အဲ့ဒီပုံစံ ၇ တွေ ထုတ်​ပေးတာ ဒေသခံတောင်သူတွေကို အသိပေးလက်မှတ်ထိုးခိုင်းတာမရှိသလို ထုတ်​ပေးထားတဲ့ ပုံစံ ၇ ရဲ့ဧရိယာဟာ ညောင်လေးပင်မြို့ပိုင်မြေအထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ပုံစံ ၇ ဟာ ကိုင်းနဲ့ လယ်ကိုရော​ပြီး ထုတ်ပေးထားတာကြောင့် အခုလို ထုတ်​ပေးလို့ရလားဆိုတာ မြေစာရင်းကို မေးချင်တယ်လို့ ဦးမြင့်ဝင်းက ပြောပါတယ်။ "ထုတ်ပေးထားတာက ၂၀၁၅ လောက်မှာ ထုတ်ပေးထားတယ်လို့ သိရတယ်။ ဧက က ၁၅ ဧကလောက်ရှိမယ်၊ သူတို့ထုတ်ပေးထားတာ​ကြောင့် ရပ်ရွာဖွံ့ဖြိုးဖို့အတွက် အင်းထဲကမြေကိုတူးပြီ ကိုယ်ထူကိုယ်ထနဲ့ ရွားလမ်းကိုဖို့တာတောင် သူတို့ပုံစံ ၇ ထဲက ​မြေကိုယူတယ်ဆိုပြီး တရားအစွဲခံနေ ကြရတယ်။ ဒါဟာ အင်းမြေကို ပုံစံ(၇) ထုတ်ပေးထားလို့ဖြစ်တာ။" ပုံစံ ၇ ထုတ်ပေးထားတဲ့ ​မြေစာရင်းဌာနကို ဒီဗွီဘီက သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပေမယ့် မြေစာရင်းဦးစီးမှူး ကွင်းဆင်းနေတယ်လို့ ဆိုတာ​ကြောင့် တွေ့ဆုံမေးမြန်းခွင့် မရရှိခဲ့ပါဘူး။ ဆန္ဒပြသူတွေက အင်းပလွဲကရင်စုအင်းရဲ့ N မြေကို ပုံစံ ၇ ထုတ်ပေးထားသူများအား အရေးယူ ပေးရေး၊ ထုတ်ပေးထားမှုအား ဖျက်သိမ်းပေးရေး စာသားပါ ဗီနိုင်း​ကို ကိုင်ဆောင်ကြွေးကြော်ပြီး မြေစာရင်းဌာနရှေ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တို့မှာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ သတင်း - နေလင်းထိုက်
1 year Ago
Up