အင်းတော်မြို့နယ်တွင် ဆင်ဦးစီး ၁ ဦး ဆင်းနင်းခံရ၍ သေဆုံး

August 4, 2019

အင်းတော်မြို့နယ်တွင် ဆင်ဦးစီး ၁ ဦး ဆင်းနင်းခံရ၍ သေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ဆင်ဦးစီး ၁ ဦး ဆင်နင်းခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဩဂုတ်လ ၂ ရက်နေ့ ၁၅၃၀ အချိန် အင်းတော်မြို့နယ်၊ ဂဟဲကျေးရွာမှာ လူ ၁ ဦး ဆင်နင်းခံရပြီး သေဆုံးသွားကြောင်း သတင်းအရ အင်းတော်မြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဂဟဲကျေးရွာ၊ ကလုံသစ်တောကြိုးဝိုင်းနေ ဦးကျော်မြိုင်ရဲ့ နေအိမ်ခြံစည်းရိုးဘေးမှာ ဆင်ဦးစီး မောင်ငယ်(ခ)ဇီဆာ (၃၉) နှစ်အား ဝမ်းဗိုက်၊ ယာပေါင် ပေါက်ပြဲ၊ ခန္ဓာကိုယ် ကျိုးကြေဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ဆင်ဦးစီးမောင်းနှင်တဲ့ အမြင့် ၈ ပေ ၅ လက်မခန့်ရှိ သစ်ထုတ်လုပ်ရေးပိုင် ဆင်အထီးမှာ မုန်ယိုပြီး ခြေထောက်နဲ့နင်း၊ အစွယ်နဲ့ ထိုးလို့ သေဆုံးရတာဖြစ်ကြောင်း သိရှိရလို့ အလောင်းအား အင်းတော်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။  မောင်ငယ်(ခ)ဇီဆာ (၃၉) နှစ် သေဆုံးမှုအား အင်းတော်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
အင္းေတာ္ၿမိဳ႕နယ္တြင္ ဆင္ဦးစီး ၁ ဦး ဆင္းနင္းခံရ၍ ေသဆုံး DVB စစ္ကိုင္းတိုင္း အင္းေတာ္ၿမိဳ႕နယ္မွာ ဆင္ဦးစီး ၁ ဦး ဆင္နင္းခံရၿပီး ေသဆုံးခဲ့တယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။ ဩဂုတ္လ ၂ ရက္ေန႔ ၁၅၃၀ အခ်ိန္ အင္းေတာ္ၿမိဳ႕နယ္၊ ဂဟဲေက်း႐ြာမွာ လူ ၁ ဦး ဆင္နင္းခံရၿပီး ေသဆုံးသြားေၾကာင္း သတင္းအရ အင္းေတာ္ၿမိဳ႕မရဲစခန္း တပ္ဖြဲ႕ဝင္ေတြပါဝင္တဲ့ ပူးေပါင္းအဖြဲ႕က သြားေရာက္စစ္ေဆးခဲ့တယ္လို႔ ဆိုပါတယ္။ ဂဟဲေက်း႐ြာ၊ ကလုံသစ္ေတာႀကိဳးဝိုင္းေန ဦးေက်ာ္ၿမိဳင္ရဲ႕ ေနအိမ္ၿခံစည္း႐ိုးေဘးမွာ ဆင္ဦးစီး ေမာင္ငယ္(ခ)ဇီဆာ (၃၉) ႏွစ္အား ဝမ္းဗိုက္၊ ယာေပါင္ ေပါက္ၿပဲ၊ ခႏၶာကိုယ္ က်ိဳးေၾကဒဏ္ရာေတြနဲ႔ ေသဆုံးေနတာကို ေတြ႕ရွိခဲ့ပါတယ္။ အဆိုပါ ဆင္ဦးစီးေမာင္းႏွင္တဲ့ အျမင့္ ၈ ေပ ၅ လက္မခန႔္ရွိ သစ္ထုတ္လုပ္ေရးပိုင္ ဆင္အထီးမွာ မုန္ယိုၿပီး ေျခေထာက္နဲ႔နင္း၊ အစြယ္နဲ႔ ထိုးလို႔ ေသဆုံးရတာျဖစ္ေၾကာင္း သိရွိရလို႔ အေလာင္းအား အင္းေတာ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။ ေမာင္ငယ္(ခ)ဇီဆာ (၃၉) ႏွစ္ ေသဆုံးမႈအား အင္းေတာ္ၿမိဳ႕မရဲစခန္းက ေသမႈေသခင္း အမွတ္စဥ္ (၇/၂၀၁၉) နဲ႔ ေရးဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။
2 years Ago
Up