စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နဲ့ ကသာမြို့တွေမှာ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၉ နာရီအချိန်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲ ပဉ္စအမြောက်နေ့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံပြည်သေတွေ မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်အာဏာရှင်အစိုးရ အလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ပြည်ထောင်စု လွှတ်တော်ခေါ်ယူရေး၊ အရေးတော်ပုံ အောင်ရမည် စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။
ကိုကိုလင်း (အင်းတော်)