အင်းစိန် Fever Clinic

May 5, 2020

အင်းစိန် Fever Clinic တွင် ၁ လအတွင်း  လူနာ ၉၀၀ ကျော်ပြ၊ COVID-19 ရှိသူ ၅ ဦးတွေ့

အင်းစိန် Fever Clinic ဆေးခန်းကို တစ်လကျော်ကာလအတွင်း လာရောက်ကုသတဲ့ လူနာအယောက် ၉၀၀ ကျော်မှာ COVID-19  ရောဂါပိုးရှိတဲ့ လူနာ ၅ ယောက်ပါဝင်ခဲ့တယ်လို့ ဆေးခန်းတာဝန်ခံက ပြောပါတယ်။ အင်းစိန် Fever Clinic ဆေးခန်း ကိုတော့ မြို့နယ်ခန်းမမှာ ဧပြီ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး  မေလ ၅ ရက်နေ့အထိ လာရောက်ပြသတဲ့လူနာ ၉၄၁ ယောက်ရှိခဲ့ပြီး ဖျားနာလို့ လာရောက် ဆေးကုသတဲ့သူက များတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အဲဒီလူနာတွေထဲက အင်းစိန်ဆေးရုံကို ၄၅ ယောက် ပို့ဆောင်ဆေးကုသခဲ့ပြီး ဒီလူနာတွေအထဲကနေ COVID-19 ပိုးတွေ့လူနာ ၅ ဦးပါဝင်ခဲ့တာပါ။  ဆေးခန်းမှာတော့ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၉ နာရီမှ  ၁၁ နာရီအတွင်း ဆရာဝန်ဆရာမ ၄ ဦး ဆေးကုသပေးနေပြီး ကြက်ခြေနီတပ်ဖွဲ့ဝင် ၁ ဦးနဲ့ စေတနာ့ဝန်ထမ်း ၁ ဦးတို့က ကူညီပေးနေတာလည်းဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အခဲ့မဲ့ဆေးကုသလို့ရတဲ့ Fever Clinic ဆေးခန်းတွေကိုတော့ အင်းစိန်မြို့နယ် အပါအဝင် ဗိုလ်တထောင်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွှန့်စတဲ့ မြို့နယ် ၁၀ မြို့နယ်မှာ ဖွင့်လှစ် ကုသပေးနေတာလည်း ဖြစ်ပါတယ်။
11 months Ago
Up