အင်းစိန် အကျဉ်းထောင်

April 22, 2021

အင်းစိန် အကျဉ်းထောင်ဝန်းထဲ ဗုံးပေါက်

ရန်ကုန် အင်းစိန် အကျဉ်းထောင်ဝန်းထဲမှာ မနေ့ည ၈ နာရီလောက်က ဗုံးပေါက်ကွဲသံ ကြားကြောင်း ပတ်ဝန်းကျင်နေသူတွေက ပြောပါတယ်။

ဆရာတော်ကြီးကျောင်းထိပ် ဝက်ဒိုင်လမ်းထိပ်ထောင်ဘက်အခြမ်းမှာ ဖြစ်တာဖြစ်ပြီး မပေါက်ကွဲသေးတဲ့ ဗုံးရှိတာကြောင့်  စစ်တပ်က မိုင်ရှင်းလင်းရေးလုပ်ခဲ့ကြောင်း သိရပါတယ်။

လက်ပစ်ဗုံးကျရာနေရာမှာ ထောင်ဝန်ထမ်းအိမ်ရာနဲ့ ဝေးတာကြောင့် ထိခိုက်ဒဏ်ရာရတာ တော့ မကြားရကြောင်း ပတ်ဝန်းကျင်နေသူတွေက ဆိုပါတယ်။

ဗုံးပေါက်ကွဲသံကြားတာကြောင့် သွားကြည့်ရာ စစ်တပ်က ထွက်ကြည့်တာကြောင့် ပြန်ပြေးခဲ့ရတယ်လို့ မျက်မြင်တစ်ယောက်ကပြောပါတယ်။

7 months Ago
Up