အင်းစိန်းလမ်းမ

March 1, 2021

အင်းစိန်လမ်းမပေါ် ဆန္ဒပြသူများကို စစ်ကောင်စီ၏ လက်ကိုင်တုတ်များက အကြမ်းဖက်ဖြိုခွင်း

ရန်ကုန်မြို့ အင်းစိန်လမ်းမ ဆင်ရေတွင်းမှတ်တိုင်အနီးက စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေသူတွေကို ဒီနေ့မနက် ၁၁ နာရီဝန်းကျင်လောက်မှာ ရဲတပ်ဖွဲ့က  မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေ အသုံးပြုပြီး လူစုခွဲခဲ့ပါတယ်။

ဒါပေမဲ့ အန္တရာယ်ကြားကနေ ကြံ့ကြံ့ခိုင် ဆန္ဒပြနေကြတဲ့ လူငယ်တွေဟာ မွန်းတည့် ၁၂ နာရီကျော်လောက်မှာ အထပ်သား၊ ရေစည်၊ သံပြားတွေကို အကာကွယ်ယူပြီး အင်းစိန်လမ်းမပေါ်  ပြန်လည်စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

မျက်ရည်ယိုဗုံး အသံဗုံးတွေနဲ့ စတင်ဖြိုခွင်းခဲ့ပေမဲ့ လူငယ်တွေက အကြမ်းမဖက်နည်းနဲ့ ပြန်လည်တုံ့ပြန်နိုင်ခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အင်းစိန်လမ်းမပေါ်က ဘူတာရုံလမ်းကနေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

9 months Ago
Up