အင်းစိန်မြို့နယ်

A d v e r t i s e m e n t With Us

September 1, 2020

အင်းစိန်မြို့နယ်က အထက်တန်းကျောင်းသား ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

သြဂုတ်လ ၃၁ ရက်က သတင်းထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် စာရင်းထဲမှာ ရန်ကုန် အင်းစိန်မြို့နယ် အောင်ဆန်းဘူတာရုံလမ်းမှာနေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် အထက်တန်း ကျောင်းသားတစ်ဦး ပါဝင်ပါတယ်။ အဆိုပါအတည်ပြုလူနာအနေနဲ့ ပြည်တွင်းပြည်ပခရီးသွားရာဇဝင်မရှိသလို အတည်ပြု လူနာဟောင်းတွေနဲ့လည်း ထိတွေ့ထားတာမရှိဘူးလို့ ဆိုပါတယ်။  သူ့ဟာ သြဂုတ်လ ၂၉ ရက်က ဖျားနာခဲ့တာကြောင့် ဩဂုတ်လ ၃၀ ရက်နေ့မှာ ဆေးရုံတင်လိုက်ပြီး ရောဂါပိုးဓာတ်ခွဲရှာဖွေစစ်ဆေးရာကနေ  ကိုဗစ်-၁၉ ကူးစက်ထားကြောင်း တွေ့ရတာဖြစ်တယ်လို့ အင်းစိန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန္တာဆွေက ပြောပါတယ်။ လက်ရှိမှာ အသက် ၁၄ နှစ်အရွယ်အဆိုပါ ကျောင်းသားရဲ့ အတည်ပြုလူနာအမှတ်စဉ်ကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။ သူနဲ့ထိတွေ့ဆက်စပ်သူတွေကို လက်ရှိမှာ စစ်ဆေးနေဆဲလည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ သြဂုတ်လ ၃၁ ရက်ညနဲ့ ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူအတည်ပြုလူနာစုစုပေါင်း ၁၀၀ ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ သတင်း - မေစု
6 months Ago

July 1, 2020

ရန်ကုန်တွင် ကိုဗစ်ကာလ ပထမဆုံး ပန်းချီပြပွဲ ပြန်စတင်

ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် ၃ လ ကျော်လောက်  ပန်းချီပြပွဲတွေ ရပ်နားထားရာက ဇူလိုင် ၁ ရက်နေ့က ရန်ကုန် အင်းစိန်မြို့နယ် Artist Smile ပြခန်းမှာ ပန်းချီဆရာ နီပိုဦးရဲ့ ပန်းချီပြပွဲကို ပထမဆုံးအကြိမ် ပြန်လည် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပြပွဲမှာ ပန်းချီကားပေါင်း ၁၀၀ ကို ခင်းကျင်းပြသထားပြီး အရွယ်အစား အကြီးအသေးအလိုက် ပန်းချီကား တချပ်ကို အမေရိကန်ဒေါ်လာ ၁၀၀ ကနေ ၃၅၀၀ အထိ ရောင်းဈေး သတ်မှတ်ထားပါတယ်။ ပန်းချီ နီပိုဦးရဲ့ ၃ ကြိမ်မြောက်ပြပွဲကို အမှတ် ၃၁ မင်္ဂလာလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်မှာ ဇူလိုင် ၁ ရက်ကနေ ၁၂ ရက်အထိ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ် ပြသသွားမှာပါ။ ကိုဗစ်-၁၉ ကာလဖြစ်တာမို့ ပန်းချီကား လာရောက်ကြည့်ရှုသူတွေ ကျန်းမာရေးနဲ့အညီ ကြည့်ရှုနိုင်ဖို့အတွက်လည်း စီစဉ်ထားပါတယ်။  
8 months Ago
More News
Up