အင်းစိန်ဈေး

April 28, 2021

အင်းစိန်ဈေး သား၊ ငါးတန်းတွင် ပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ အင်းစိန်ဈေး သား၊ ငါးတန်းမှာ ဧပြီ ၂၈ ရက် ညနေ ၃ နာရီကျော်အချိန်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ရဲတွေ လုံခြုံရေးယူ စစ်ဆေးနေကြပါတယ်။

စစ်တပ်နဲ့ရဲတွေရောက်လာတဲ့အတွက် အနီးဝန်းကျင်ကလူတွေသွားရောက်ကြည့်ရှုဖို့ အခွင့်အရေးမရခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၈ ရက် မနက် ၁၁ နာရီခွဲလောက်ကလည်း အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ မင်္ဂလာလမ်းက စစ်ကောင်စီခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးရဲ့အိမ်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ဧပြီ ၂၈ ရက်နေ့ တစ်ရက်တည်းမှာပဲ အင်းစိန်မြို့နယ်ထဲမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

7 months Ago

March 9, 2021

အင်းစိန်ဈေးရှေ့ ပိန္နဲကုန်းရပ်ကွက်ထဲအထိ ဆန္ဒပြသူများကို စစ်တပ်နှင့် ရဲဝင်ရောက် ဖြိုခွင်း

ဒီနေ့မွန်းလွဲ ၂ နာရီခွဲလောက်မှာ အင်းစိန်ဈေးရှေ့၊ ပိန္နဲကုန်းရပ်ကွက်၊ သီရိလမ်း (ရုပ်ရှင်ရုံလမ်း) ထဲအထိ စစ်တပ်နဲ့ရဲ အများအပြားဝင်သွားတယ်လို့ သိရပါတယ်။

သီရိလမ်းထဲမှာ ဆန္ဒပြနေကြတာဖြစ်ပြီး စစ်တပ်နဲ့ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ဖောက်ပြီး ဝင်လာကြတာလို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

ပိန္နဲကုန်းရပ်ကွက်ထဲမှာ  CDM ဝင်ထားတဲ့ မီးရထားဝန်ထမ်းတွေနေတဲ့ နေရာရှိ‌နေပါတယ်။

လမ်းထိပ်က အတားအဆီးတွေ၊ ထဘီတန်းတွေကိုလည်း အင်အားသုံးပြီး ဖယ်ရှားခဲ့သလို အင်းစိန်ကမ်းနားက အတားအဆီးတွေကိုလည်း ဘူဒိုဇာတွေနဲ့ဖယ်ရှားနေပါတယ်။

အင်းစိန်ဈေး၊ ထောင်ဘူးဝ၊ ပေါက်တောဝ၊ ကမ်းနားတောက်လျှောက် လမ်းမပေါ်မှာလည်း စစ်တပ်နဲ့ရဲက အင်အားအများအပြားချထားပါတယ်။

9 months Ago
Up