အင်းစိန်

A d v e r t i s e m e n t With Us

January 4, 2021

အင်းစိန် ရထားလမ်းခုံးကျော်တံတားအမှတ် ၂ ဖွင့်လှစ် (ဓာတ်ပုံ)

အင်းစိန် ရထားလမ်း ခုံးကျော်တံတားအမှတ် ၂ (မင်းကြီးလမ်းလက်တက်တံတား) ဖွင့်ပွဲကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနေ့မနက်ကနေ စတင်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ တံတားကို ၂၀၁၉ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပြီးစီးခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ဖွင့်ပွဲကိုတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ Photo - Nyein Chan Oo / MPA
3 weeks Ago

October 1, 2020

အင်းစိန် ဓမ္မဝါဒီစာသင်တိုက်က  သီလရှင်အပါး ၃၀ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ 

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ဓမ္မဝါဒီစာသင်တိုက်က သီလရှင်ဆရာလေး ၆၈ ပါးကို ဆေးစစ်ခဲ့ရာမှာ  သီလရှင်အပါး ၃၀ မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ စာသင်တိုက်ရဲ့ လူမှုကွန်ရက်စာမျက်နှာ​မှာ စက်တင်ဘာ ၃၀ ရက်က  ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်ကလည်း  ပဓာနနာယကဆရာကြီးနဲ့ ဆရာလေး ၁၀ ပါးကို ရောဂါပိုးစစ်ဆေးခဲ့ရာ သီလရှင်ဆရာလေး ၆ ပါးမှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ ဆရာလေး ၆ ပါးနဲ့ထိတွေ့သူတွေကို ထပ်မံ စစ်ဆေးခဲ့ရာ သီလရှင် အပါး ၃၀ မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ အရင်တွေ့ရှိခဲ့တဲ့ ဆရာလေး ၆ ပါးကိုတော့ အစိုးရကျန်းမာရေးနဲ့ တပ်မတော်ကျန်းမာရေး တို့က ပူးပေါင်းပြီး မှော်ဘီ တပ်မတော်ကျန်းမာရေးကုသစင်တာမှာ ကုသပေးနေပါတယ်။ သတင်း - အိသဇင်ခိုင်
4 months Ago
More News
Up